21

62 11 9
                                    

*ကျွီ*

တံခါးကိုဖွင့်လိုက်တော့ စောစီးလှ‌လွန်းသော နံနက်ခင်းကြောင့် နေရောင်တို့ပင်မမြင်ရသေး။
လေတစ်ချက်အဝှေ့မှာ ဂျောင်မို ညဝတ်အကျီအဖျားစကို ခပ်တင်းတင်းလေး ဆွဲလိုက်မိသည်။
မိုးဦးဖြစ်သောကြောင့်အနည်းငယ်အေးနေသောရာသီဥတုမှာ မြေသင်းနံ့တို့ကခပ်သင်းသင်း။
အတော်မှောင်နေသေးပေမယ့်လို့ စိတ်အစုံကလန်းဆန်းနေသည်ပင်။


အနောက်သို့ လှည့်ကြည့်မိတော့ ကုတင်ခြေရင်းနားမှာ မနေ့ညကတည်းက ထုပ်ပိုးထားသည့် နှစ်ရက်စာ အဝတ်အစားအထုတ်ကအဆင်သင့်ရှိနေသည်။
ဒါကို ဟျောင်းဂျွန်သာတွေ့ရင် တစ်လှုပ်လှုပ်နဲ့ ပွစိပွစိပြောအုံးမည်ဆိုတာ အသေအချာ။ အခုတော့ ထိုချာတိတ်က သူ့ဦးလေး‌ငယ်နှင့်အတူ မြို့ထဲရောက်နေလောက်ပြီ။

တကယ်တော့ ယခု ငါးရက်ဟာ ဟီရိုရှီမြို့မှာရှိတဲ့ မြို့ခံတွေရဲ့ ဘိုးဘေးအစဉ်အဆက်ပူဇော်ပွဲရှိသည့်အတွက် လူတိုင်းအားလပ်ခွင့်ရကြသည်။
ဟျောင်းဂျွန်နဲ့အူဘင်းက သူတို့အစီအစဉ်နဲ့သွားကန်တော့ကြမှာဖြစ်သောကြောင့် အားလပ်ရက်အစ မနေ့ထဲကပင် သက်သက်ဆီသွားနှင့်နေခဲ့ပြီဖြစ်သည်။ ထို့အပြင် သူကလည်း သူ့အကြောင်းနဲ့သူမဟုတ်ပါလား

လွန်ခဲ့သော သုံးရက်...

အလုပ်တွေအကုန်သိမ်းပြီး ရေမိုးချိုး ထမင်းစားပြီးတော့ ညဘက်တော်တော့်ပင်မှောင်နေလေပြီ။
ဟျောင်းဂျွန်ကတော့ စားပြီး စော‌စီးစွာ အိပ်သွားသော်လည်း သူ့မှာ အိပ်မပျော်နိုင်သေး
ပြတင်းပေါက်ကနေ တဆင့်အပြင်ကိုကြည့်တော့ လခြမ်းကွေးကွေးက ကောင်းကင်ပြာကြီးနောက်ခံထားပြီး ခပ်ဖျော့ဖျော့ လင်းလက်နေခဲ့သည်။ လေအလွင့်မှာအနံ့သင်းသင်းတို့ပျံ့လွှင့်လာတဲ့ မက်မွန်ပွင့်အနံ့တို့ကြောင့် အနည်းငယ် စိတ်ကြည်သွားရသလိုပင်။ ပွယောင်းနေတဲ့ ဆံနွယ်အညိုတို့ကို ဂျောင်မို သေချာ ပြန်စည်းပြီးနောက် လက်သွယ်သွယ်တို့က တံခါးတွေကို ပိတ်ဖို့ လက်အလှမ်း

ရုတ်တရက်လျင်မြန်စွာဝင်ရောက်လာတဲ့လူတစ်ယောက် ဝတ်ရုံအနက်ကိုပဲမြင်လိုက်ရပြီး ထိုသူကတော့ စက္ကန့်ပိုင်းမျှကြာသောအချိန်၌ ပြတင်းပေါက်မှတဆင့် သူတို့အခန်းတွင်းသို့ရောက်နှင့်နေလေပြီ ‌
ဂျောင်မို အံ့ဩနေမှုကြောင့် မျက်လုံးတို့က ဝိုင်းစက်သွားကာ ရုတ်တရက်ဆွံ့အသွားသည်။
ထို့နောက် နှုတ်ခမ်းတို့ လှုပ်တော့မည်ပြင်နေချိန် ထိုသူ၏ လက်ချောင်းသွယ်သွယ်တို့က အားသုံးသည်ဟုမဆိုသာပဲ သူ့နှုတ်ခမ်းကို လာပိတ်ကာ ကျန်တဲ့လက်တစ်ဖက်ကတော့ နီးကပ်စွာပင် ဂျောင်မို ခါးတစ်ဖက်၌ အလိုလို ရစ်တွယ် သွားလျက် ။


PeoniesWhere stories live. Discover now