Part-16

120 25 11
                                    

(Unicode Ver)

အိမ်ရှေ့စံဆိုသည့်အကြောင်းသေချာ
ဇာတ်ရည်လည်သွားသော ထယ်ယောင်းနှင့်မင်ဟီးက အနည်းငယ်အံ့ဩသွားပုံရသည်။
နက္ခတ်တွေဘာတွေကိုယုံတာမှန်ပေမယ့် အဲ့တူတော်ဘုရင်ဆိုတဲ့အော်ဒိုရာကို အပြည့်အဝယံုကြည်နေတာပဲခမည်းတော်တို့က။
ပြည်သူတွေအတွက်ကြည့်ပြီးဘုရင်တို့အိမ်ရှေ့စံတို့ဆိုတာ ဖြစ်ရမှာလေ။

ကျိန်းသေပေါက် ထယ်ယောင်းလည်းထိုကဲ့သို့တွေး‌နေပေလိမ့်မည်။
နောက်ပြီး သူတို့အကိုကြီးကိုအမြဲယုံကြည်ခဲ့ရသလို တကယ်အကြောင်းရင်းအစစ်ကလည်း ရှိနေခဲ့တာပဲ။အကိုကြီးမကြိုက်သလို ဘုရင်အော်ဒိုရာဟာ အခုထိမကောင်းတဲ့အကျင့်ပျက်ခြစား‌မှုတွေရှိနေဆဲပင်။
နာမည်ပျက်နေမှုက ပြည်သူတွေကြားမှာတိုးတိုးတစ်မျိုးကျယ်ကျယ်တစ်မျိုးကြားနေရပြီးသူ့ရဲ့အပေါင်းအပါမှုးမတ်တွေရဲ့ ဘဝင်မြင့်ကာ အကျင့်ပျက်ပုံများကလည်းနားနှင့်ပင်မဆန့်။
ထိုအထဲတွင် ပြည်သူများအပေါ်အရမ်းမဆိုးဘူးထင်ရသော သူတို့ခမည်းတော်ကပါ လောဘတွေပြည့်နှက်နေသည်မဟုတ်လား။
ဆန့်ကျင်ဘက် အိမ်ရှေ့စံAllen Ma ကတော့ အိမ်ရှေ့စံ ရာထူးက ဖယ်ရှားခံရမခံရတော့မပြောတတ်ပေမယ့် ဂုဏ်သတင်းမွှေးပျံ့မှုကတော့ နည်းနည်းနောနောမဟုတ်ခဲ့။

ငြိမ်သွားသော ထိုအခိုက်တွင် နားမလည်ပုံရသော ထယ်ယောင်းကအသံထွက်လာသည်။

"အဲ့တာဆို ဘာလို့အကိုကြီးက ရုတ်တရက် နန်းတွင်းထဲ ဝင်သွားတာလဲ ဘုရင်အော်ဒိုရာကိုမကြိုက်ဘူးမဟုတ်လား?"

ဒဲ့တိုးမေးချလိုက်သော ထယ်ယောင်းကို
မင်ဟီးက ခေါင်းအသာရမ်းပြလိုက်သည်။

"မင်းကလည်း ဇွတ် Serim Hyung ပြောမှာစောင့်အုံး"

"အင်း အဲ့အကြောင်းရင်းကတော့အမှန်အဓိကပြောရမယ့်အထဲလည်းပါတယ်။
အဲ့နေ့က Wonjin နန်းတွင်းကို ရွှေသမားတော်ဘွဲ့ သွားယူဖို့ပြင်နေကြတာလေ။"

ခပ်တိုးတိုးပြောလာသည့် ဆယ်ရင်းစကားကို ထယ်ယောင်းတစ်ယောက််ထောက်ခံလိုက်သည်။

"ဟုတ်တယ် wonjin ရွှေအဆင့်ရသွားတဲ့ တစ်ပတ်လုံး ကျွန်တော်တို့ပျော်နေကြတာ သူ့အတွက်နန်းတွင်းသွားဖို့ အဝတ်အစားတွေတောင် ကျွန်တော်ရွေးပေးနေသေးတာ အဲ့တာဘာဖြစိလို့လဲ"

PeoniesWhere stories live. Discover now