Part_17

103 26 6
                                    

(Unicode Ver)

တိတ်ဆိတ်နေသော ညနက်နက်၌
လူအရောက်အပေါက်နည်း‌သော အိမ်တော်အနောက်ဘက် တွင် အရိပ်နှစ်ခု။

"စောင်ခွေးသူတောင်းစားက!"

"........."

မျက်နှာချင်းဆိုင်အနေအထားရှိ မြို့စားသား‌အငယ်ဆုံးလေးရဲ့ မိုးမွှန်နေအောင်ထွက်လာသောဆဲသံများကို မနည်းသည်းခံနေရဟန်ပေါက်နေသော Ham Wonjin

"အရပ်ကဖြင့်မြေကြီးထဲထိုးဝင်တော့မယ်ကို
တန်ရာတန်ရာက မမှန်းဘူး"

လမ်းလျှောက်နေသော wonjin မျက်လုံးတို့ကို ကြုံ့မှိတ်ပစ်လိုက်ကာ သူ့နောက်မှပွစိပွစိရေရွတ်လာသော မင်းသားငယ်ကို မျက်စောင်းလှမ်းထိုးလိုက်သည်။

"မင်းဟာက မင်းသားတစ်ပါးကို ဥယျာဉ်နဲ့တောင်တန်ရာတန်ရာမမှန်းဘူးဆိုတော့
ဘယ်သူလောက်မှ အဲ့မင်းသားက မှန်းရမှာလဲ ပြောပါအူံး"

"ဥယျာဉ်မှုးပေမယ့် မတူဘူးလေ ဒါက ဂူဂျောင်းမို"


ခပ်တည်တည်ဖြင့်ပြောရင်း သက်ရင့်သစ်ပင်ကြီးအောက်တွင်ခြေပစ်လက်ပစ်လှဲချလိုက်သော မင်းသားငယ် ထယ်ယောင်း။
ဤနေရာက သူတို့ ငယ်ငယ်က သွားနေကျဖြစ်သော အဆောင်ဟောင်းနားရှိစမ်းချောင်းသေးသေးရဲ့ တစ်ဖက် အိမ်တော်အနောက်ဘက်တွင်ဖြစ်ပြီး အနည်းငယ်ချောင်ကျ၍ သာမန်မည်သူမှလာရောက်ခြင်းမရှိကြပေ။


"ဂျောင်မိုက ဘာဖြစ်လို့လဲ"


လက်နှစ်ဖက်ကိုခေါင်းအောက်တွင် ခေါင်းအုံးသဖွယ်လုပ်အိပ်နေတဲ့ ‌ထယ်ယောင်းဟာ မြစိမ်းရောင်မြက်ခင်းပြင်ကို သူ့အိပ်ရာသဖွယ် သက်သောင့်သက်သာလှဲနေရင်းမှ မေးလာသော wonjin အား တစ်ချက်မျှကြည့်ပြီး မျက်လုံးစုံမှိတ်လျက်ပြောလာသည်။


"ငါ့အကို သဘောကျတဲ့ သူမို့လို့"


"သေချာလား"


ဒီတစ်ခေါက်တော့ပြောပြောဆိုဆိုပင် wonjinက ထယ်ယောင်းဘေးတွင်လှဲချလိုက်ကာ ကောင်းကင်ပေါ်ရှိ အပြည့်အဝတောက်ပနေသော ငွေရောင်လမင်းကြီးအား ကြည့်နေမိလိုက်သည်။


PeoniesWhere stories live. Discover now