(Unicode Ver)
ချွေးစက်တို့ဝင်၍ပဲ အမြင်များဝေဝါးနေသည်
လား
တစ်ပွင့်ချင်းလေနှင့်အတူကြွေလာသော ချယ်ရီပွင့်ချပ်လွှာတို့ကြားရှိ မက်မွန်သီးအရောင် အကျီဖြင့် ထိုကောင်လေး ....
ဦးခေါင်းညွှတ်လိုက်ချိန်မှာ
ဆံနွယ်ညိုဖျော့တို့က ကသိုက်ကရိုက်ဖြင့် သူ့နဖူးထက်မှာ ဝေ့ဝဲကာကျနေပြီး ချယ်ရီပွင့်ဖတ်တစ်လွှာက ထိုဆံနွယ်ညိုတို့ထက်မှာကပ်ညှိနေသည်ကအစ
မရဲတရဲပြုံးပြလာသည့် သူ့နှုတ်ခမ်းထက်ကအပြုံးတို့အဆုံး
အရာအားလုံးဟာ တစ်ခုချင်းစီအစ သတိပြုမိရလောက်သည်အထိ အချိန်တို့ဟာနှေးကွေးသွားခဲ့ရသည်။*သူဘာကြောင့်အိမ်တော်ထဲကိုရောက်နေရတာလဲ*
ရုတ်တရက်ဆန်နေမှုတို့ကြောင့် ဆန့်တန်းထားသော ငွေရောင်ဓားရှည်ကိုလည်းပြန်မရုတ်မိ
"မင်း" ဆိုသော စကားလုံးအပြင်လည်း ထပ်မထွက်လာခဲ့သော အသံတို့ကဆွံ့အစွာ။ထိုအခြေအနေကြောင့် မင်းသားကိုငေးမောနေကြသော အထိန်းတော်နှင့်အခြွေအရံများလည်း အလန့်တကြားသတိပြန်ဝင်ကုန်ကာ
မင်းသားအနောက်ပါးနားရှိ ခန္ဓာကိုယ် ခပ်ပြည့်ပြည့်နှင့် အကြီးဆုံးဟုထင်ရသည့်အထိန်းတော်ကြီးမှ ပြာပြာသလဲဖြင့်။"မင်းသားလေး သူက ဒီနေ့မှအသစ်ဝင်လာတဲ့ ဥယျာဉ်မှုးအသစ်လေးပါ အဆောင်ဆီသွားရာကလမ်းမှားလာပုံရပါတယ် ကျွန်တော်မ ခေါ်သွားလိုက်ပါ့မယ်"
ပြောပြောဆိုဆိုနှင့် မင်းသားအားဦးညွှတ်၍ သူမရဲ့ဂါဝန်ဖားဖားကြီးကိုမကာ JungMoကို ခေါ်ထုတ်သွားလေသည်။
ပြုံးပြ၍ခေါင်းညွှတ်ကာနှုတ်ဆက်သွားသော
ထိုနောက်ကျောလေးအားငေးကြည့်နေခဲ့မိသည်။
အခုချိန်ထိ အိန္ဒြေတစ်စက်မရ ခုန်နေသော ရင်ဘတ်အား တစ်စုံတစ်ယောက်က မေးခဲ့လျှင် ဓားရေးလေ့ကျင့်ခဲ့တာကြောင့်လို့ဖြေမိပါလိမ့်မည်။နွေဦးရဲ့ ချယ်ရီပွင့်တို့အောက်မှာ တစ်ချိန်က ခရမ်းရောင် အိမ်မက်လေးဟာ အသက်ပြန်ဝင်လာသည်တူပါရဲ့။
****************************************
ခြေတံရှည်ရှည်တို့က Taeyoungအဆောင်တော်ဆီအမြန်ပြန်လာဖြစ်ခဲ့သည်။
နောက်ပါးမှ အထိန်းတော်တို့ကတော့ ဝရုန်းသုန်းကားဖြင့် အနောက်ဘက်မှ တသိုက်လိုက်ကြီး မင်းသားအဆောင်တော်မဟုတ်ပဲ မင်းသားငယ်အဆောင်ဆီသို့ လိုက်ပါလာကြကုန်သည်။
YOU ARE READING
Peonies