Part_15

115 22 8
                                    

(Unicode Ver)

​ေနွရာသီရဲ့ ရက်သတ္တပတ်ဟာဆိုရင်
ပူအိုက်စွာနဲ့ပဲ အရာအားလုံးကိုတိုက်စားနေတယ် ။
သိပ်မကြာခင်ကပြီးခဲ့တဲ့ နွေဦးကို သတိရစွာဖြင့် ဂျောင်းမိုတွေးမိလိုက်တယ်။
အဲ့တုန်းကမှလေအေးအေးလေးတိုက်သေးတယ်မဟုတ်လား။
နွေးထွေးပြီးပျော်ရွှင်ရတဲ့ခံစားချက်တွေက ရာသီဥတုကြောင့်ရော မင်းသားလေးကြောင့်ပါဆိုတာ ဘယ်တစ်စုံတစ်ယောက်ကိုမှတိုင်တည်ပြီးမပြောချင်လောက်အောင်ပဲ ပြည့်စုံနေခဲ့တာ။
ပြန်တွေးမိတိုင်းရင်ခုန်သံတွေကအခုနွေရဲ့ပူလောင်မှုတွေနဲ့အတူကျယ်လောင်စွာခုန်လာတုန်းပဲလေ။

"အား...တကယ်ပါပဲ"

ပြုံးလိုက်တိုင်းလှတဲ့သူ့မျက်နှာလေးမှာ တအားပျော်နေတာသိသာနေသည်။
ဒီမျက်နှာမျိုးကို ဒီတစ်ပတ်တာလုံးတွေ့နေရတဲ့ ဟျောင်းဂျွန်ကတော့ မျက်မှောင်နည်းနည်းကြုံ့လိုက်မိသည်။

"Hyungggg အခုတလော ဘာကိစ္စရှိလို့လဲ"

"ဟမ် ဟမ် ဘာ...ဘာဖြစ်လို့လဲ hyeongjunnie?"

"မဟုတ်ပါဘူး ဒီတိုင်းပဲ တအားကြီးပျော်နေသလားလို့ အမြဲသွားကြီးဖြီးပြီးတော့"

လက်ထဲက ပန်းပင်တွေကိုလောင်းနေသည့်ရေခရားလေးကိုချကာ hyeongjunပြန်ပြောမိလိုက်သည်။

"ဘာ ဘာကိစ္စရှိရမှာလဲ ဒီတိုင်းပဲလေ မြို့စားမင်းမွေးနေ့ပြီးရင် အကိုတို့ကို နားရက်ပေးနိုင်တယ်လေ။ မြို့ထဲသွားလို့ရတယ်"

"ဟမ် တကယ်?"

သူ့ဦးလေးငယ်ကိုပြန်တွေ့လို့ရနိုင်သည်မို့ တအားပျော်သွားသည့် ပေါက်စက နှာခေါင်းလေးကို ရှုံ့လိုက်ပြီး ပြုံးပြလာခဲ့သည်။
ရာသီဥတု ပူလောင်နေရင်းက နောက်နှစ်ရက်မှာကျင်းပတော့မည့် မြို့စားမင်းမွေးနေ့ပွဲတော်အတွက် တစ်အိမ်တော်လုံးအရမ်းအလုပ်ရှုပ်နေကြသည်လေ ။
သူတို့ကိုယ်တိုင်လည်း ဥယျာဉ်တော်ကိုအလှဆင်ဖို့ရယ်နှင့် ပွဲတော်အတွက် သစ်သီးနှင့်ပန်းမန်တွေကိုအလှဆုံးဖြစ်ရန်ပြင်ဆင်နေရသည်မဟုတ်ပါလား။

နေ့ခင်းရောက်လာသည့် နေကတော့ တကယ်ကိုလောင်မြိုက်နေခဲ့သည်။
ပန်းပင်လေးတွေကို သေချာ ကတ်ကြေးဖြင့်ပုံဖော်နေသည့် ညီငယ်hyeongjunကိုကြည့်တော့ ‌ချွေးစများတော်တော်ပင်ထွက်နေလေပြီ။
ကလေးကငယ်သေးတာကြောင့် ပင်ပန်းလွယ်မှာစိုး၍ ဂျောင်းမိုတစ်ယောက် နှင်းဆီတွေနဲ့ပန်းမျိုးစိတ်တော်တော်များများ သူတာဝန်ယူပေးဖြစ်ခဲ့သည်မှတ်လား။

PeoniesWhere stories live. Discover now