Part 8

148 32 32
                                    

(Unicode Ver)


Taeyoung တစ်ယောက် နေ့လည်စာစားပြီးထဲက ဥယျာဉ်တော်ဘက်နားမှ အဆောင်သစ်လေးဆီသို့ ချောင်းကြည့်နေသည်မှာအခုထိဘာအရိပ်အယောင်မမြင်ရသေး။

သိပ်မကြာခင် အရပ်ခပ်မြင့်မြင့်နဲ့ကောင်လေးကို အခြွေအရံတစ်ယောက်လာခေါ်‌နေတာကိုတွေ့လိုက်ရသည်။
သူ့ကိုအဆောင်အပြင်ထွက်နှုတ်ဆက်နေသော
အရပ်ခပ်ပုပုကောင်လေးကိုလည်းတွေ့နေရသည်။ နောက်ကျောပေးထားတာကြောင့်သိပ်မမြင်ရ။
သို့သော် ထိုအရပ်မြင်မြင့်နဲ့တစ်ယောက်ထွက်သွားပြီး ပြန်လှည့်လာကာ အဆောင်ထဲဝင်သွားသော ထိုကောင်လေး

Taeyoung တစ်ယောက် တံတွေးပင်သီးသွားတော့မလိုဖြစ်သွားသည်။

"ဟမ် ဟိုကောင်လေး"

မီးမျှောပွဲ‌တုန်းက သူတို့ကိုဝင်တိုက်သွားသည့် ပုလုံးလေး သူ့ဦးလေးကငွေသမားတော်ဆိုလား ဘာလား
ဘာပဲဖြစ်ဖြစ် အဲ့ရှစ်ခေါက်ချိုးရဲ့တူ
ဒီလိုဆိုမဖြစ် သူတို့အကုန်လုံးကိုနန်းတော်အပြင်မှာမြင်ဖူးနေတာကိုသာ တစ်ယောက်ယောက်ကိုပြောမိကြည့်
တွေးရင်းနဲ့တောင် Kang Taeyoung ရဲ့ဒူးခေါင်းနားကဝတ်ရုံစတို့တုန်လာသလိုခံစားလိုက်ရသည်။
မဖြစ်သေး သူလက်ဦးမူယူမှရမယ်။

ထိုကောင်လေးအဆောင်တွင်းသို့လှည့်အပြန်
သူအပြေးသွားကာ လက်ကိုဆွဲလိုက်သည်။

"ဟိတ်ကောင်လေး"

"ဘယ်သူ..."

*သေရောဟေး မမှတ်မိဘူးတဲ့ကောင်းရော*

ဘာဆက်ပြောရမှန်းမသိတော့သောTaeyoungကိုသေချာကြည့်၍
ထိုလုံးလုံးလေးက မျက်မှောင်တစ်ချက်ကြုံ့ကာ မှတ်မိသွားပုံဖြင့်

"အာ အာ ဟိုအကိုရီးတို့ပဲ"

"ရှူး ရှူး အထဲဝင်ရအောင်အရင်"

အပြင်မှာပြောလို့တစ်စုံတစ်ယောက်မကြားစေချင် Taeyoung က သူတို့အဆောင်သစ်လေးထဲသို့ဝင်ခိုင်းလိုက်သည်။

ဝေ့ဝဲကြည့်လိုက်တော့
အခန်းကျဉ်းလေးမှာ ကုတင်နှစ်လုံး စားပွဲတစ်ခု ခုံပုလေးနှစ်လုံး အဝတ်ထည့်သည့် ကျွန်းစင်မြင့်ရှည်တစ်ခုသာပါပြီး ပစ္စည်းများကလည်း များများစားစားပါတာမတွေ့ရ

PeoniesWhere stories live. Discover now