(Unicode Ver)
"သူကဘာလို့အဲ့လိုပြောတာလဲ"
"ဘာကိုလဲ"
"ဂူဂျောင်းမိုကို ချစ်တယ် လက်ထပ်မယ်လို့လေ"
အစိမ်းရောင်ဝတ်ရုံစတို့ရဲ့လက်အဖျား အနားတွေဟာ ရေနွေးကြမ်းပန်းကန်လုံးနားပတ်လည်တွင်ရှိနေပြီး
လက်ချောင်းသွယ်သွယ်တို့ကမူ ပန်းကန်လုံး၏နှုတ်ခမ်းနားစတို့ကို ဖြည်းညှင်းစွာ ထိတွေ့နေလေသည်။တစ်ခုခုကိုအာရုံစိုက်နေပုံရကာပြောလာသည့် အကိုကြောင့် Taeyoung ဖတ်လက်စစာအုပ်ကိုအသာပိတ်၍
"စိတ်ကစားတာနေပါလိမ့်မယ် ဆယ်ကျော်သက်အရွယ်တွေကတော့ ဒီလိုပဲရှိမှာပဲ ကျွန်တော်တို့ကသာ အချုပ်အထိန်းကြောင့် ဒီလိုတွေခံစားရတာမျိုးသိပ်မရှိပေမယ့် ကျွန်တော်တို့ကိုယ်တိုင်လည်း စိတ်ကစားတဲ့အချိန်တွေရှိမှာပဲလေ"
"ချောတဲ့လူတိုင်းကြိုက်တာလား?"
ထွက်သွားပြီဖြစ်တဲ့မီလန်တို့စကားပြောခဲ့သည့် သစ်ပင်ကြီးအောက်သို့ခပ်ငေးငေးကြည့်ကာပြောလိုက်ခြင်း။
မင်ဟီးစကားအဆူံး ထရယ်လိုက်သည့် Kang Taeyoung"ဟုတ်မှာပေါ့ ဟားဟား အကိုလတ်ကလည်းရုပ်တည်ကြီးနဲ့ပြောချလိုက်တာ ချောတဲ့သူဆိုကြိုက်ကြတာပဲဟာ အခုရဲမတ်ဂင်လည်း ချောတာပဲ"
စောနကမီလန်ကိုလက်ထပ်မည့်ဟုပြောသည့်တရားခံဟာ ဂူဂျောင်းမိုမဟုတ် ရဲမတ်ဂင် ဖြစ်နေ၍သာ မင်းသားမင်ဟီးတစ်ယောက် အေးအေးလူလူနှင့်စကားထိုင်ပြောနေနိုင်ခြင်းသာ။
*ဒါနဲ့ စိတ်ကစားတာတဲ့လား သူရော? သူရော ဂျောင်းမိုကို စိတ်ကစားတာလား?*
မချစ်မိရင်ကော?ဒီတိုင်း ဒီတိုင်းသဘောကျရုံလေးပဲဆိုရင်ရော?*************************************
"ငါကိုယ်တော် နောက်အပတ်နောက်ဆုံးရက်မှာ ဟီရိုရှီကို ကြွချီရမယ်ဦးရီးတော်မွေးနေ့အတွက် ။ အိမ်ရှေ့စံက မြောက်ပိုင်းနယ်စပ်ဘက်အခြေအနေကိုတစ်ချက်သွားကြည့်ရမယ်ထင်တယ် အခုလာမယ့် ပထမရက်မှာ"
YOU ARE READING
Peonies