တိမ်လွှာရင်ခွင်
Part-5
ဝမ်နန်းတော်တွင်းမှာဟိုနားစုစု....ဒီနားစုစု....တိုးတိုးတမျိုး......ကျယ်ကျယ်တမျိုးနဲ့ရေပန်းစားနေတဲ့သတင်းထူးတရပ်ကတော့ရှောင်မင်းသမီးလေးယောင်္ကျားစိတ်ပေါက်နေတယ်ဆိုတဲ့သတင်းထူးဘဲဖြစ်ပါတယ်ကြင်ယာတော်အရွေးခံမဲ့မင်းသမီးတပါးကယောင်္ကျားစိတ်ပေါက်နေတယ်ဆိုတော့အားလုံးကစိတ်ဝင်တစားဖြစ်နေကြတာမဆန်းလှပါ
သခင်လေး....အဲ...မှားလို့....သခင်မလေး
သခင်မလေးဖွခိုင်းတဲ့သတင်းကတော့နန်းတော်ထဲမှာပွနေပြီ
အဲဒါဘယ်လိုဆက်လုပ်မှာလဲ
နွဲ့ဟိုက်စန်းသိလိုဇောနဲ့ရှောင်ကျန့်ကိုမေးလိုက်တယ်ရှောင်ကျန့်ကျေနပ်ပြုံးလေးတပွင့်ကိုလှလှပပလေးပြုံးလိုက်ရင်း
အင်း.......ပထမအဆင့်တော့အောင်မြင်သွားပြီရှောင်ကျန့်-----နွဲ့ဟိုက်စန်းမင်းစဥ်းစားကြည့်စမ်း
ယောင်္ကျားစိတ်ပေါက်နေတဲ့မင်းသမီးနဲ့မိန်းမဆန်ဆန်လှပတဲ့မင်းသမီးနှစ်ပါးမှာမင်းတယောက်ကိုဘဲရွေးရမယ်ဆိုရင်မင်းဘယ်သူ့ကိုရွေးမှာလဲနွဲ့ဟိုက်စန်း---အာ....ဒါများမေးနေစရာလိုသေးလို့လားမင်းသမီးလှလှလေးဘဲရွေးမှာပေါ့.....ဟိုဂွတီးဂွကျကြီးကိုရွေးပြီးဘာလုပ်ရမှာလဲ
ရှောင်ကျန့်---တော်ပါ.....ပြောနေလိုက်ပုံကသူ့ကိုတကယ်ရွေးခိုင်းနေတာကျနေတာဘဲ
နွဲ့ဟိုက်စန်း---ဟီး.....ပြောကြည့်ဆိုလို့ပြောကြည့်တာပါ
ဒါပဲပေါ့.....အဲဒီဝမ်မင်းသားဆိုတဲ့သူကမင်းသားဆိုပေမဲ့ဘာသားနဲ့ထုထားတာမှတ်လို့.......လှပေ့ချောပေ့ဆိုတဲ့အထဲကဘဲရွေးမှာမြင်ယောင်သေး
ငါအပင်ပန်းခံစရာသိပ်တောင်မလိုတော့ဘူး
ရှောင်ကျန့်ပြောရင်းကျေနပ်နေမိတယ်
မကျေမနပ်ဖြစ်နေရတာကဒီမိန်းမဝတ်စုံကြီးကိုဝတ်ထားရတာဘဲ
သူ့အတွက်တော့လုံးဝမသက်သာလှရှောင်ကျန့်-----နွဲ့ဟိုက်စန်းတခုခုတော့ကြံပါဦးကွာ
မင်းပေါက်စီကြီးကကပ်စီးကပ်စီးနဲ့နေရတာမဟန်ဘူးနွဲ့ဟိုက်စန်း---သခင်လေးဘာမှမပူနဲ့ကျွန်တော်မျိုးစီစဥ်လိုက်မယ်......... နွဲ့ဟိုက်စန်းပြောပြီးထွက်သွားပြန်တယ်
YOU ARE READING
တိမ်လွှာရင်ခွင်(completed)
Romance*တိမ်လွှာရင်ခွင်* တိမ်လွှာဆိုတာ လေနှင်ရာကိုလွှင့်ပါးရတဲ့....သူပါ နင်စေလိုရာကိုစေပါ တိမ်လွှာရဲ့ရင်ခွင်ဟာ လေညှင်းလေး မင်းအတွက်ပါ.........