part-26

1.1K 60 0
                                    

warning🔞🔞🔞🔞

တိမ်လွှာရင်ခွင်
part-26
         ရှောင်ကျန့်တို့နှစ်ယောက်မှာတော့သူတို့ကိုဝေခွဲရခက်တဲ့အပြုံးနဲ့ပြုံးပြလာတဲ့အဖွားအိုတဖြစ်လည်းမိန်းမပျိုလေးကိုကြည့်ပြီးကြက်သေသေသွားရတယ်

မိန်းမပျိုလေးကသူတို့နှစ်ယောက်ကိုနှစ်လိုစွာကြည့်လိုက်ရင်းနဲ့စကားကိုစပြောလိုက်တယ်

တကယ်တော့ငါဟာကျိန်စာသင့်နေတဲ့နတ်သမီးတပါးပါ
ငါဟာသေဆုံးခြင်းနဲ့ရှင်သန်ခြင်းကြားကဝိညာဥ်ကိုစောင့်ရှောက်ရတဲ့နတ်သမီးပါ

အပြစ်ရှိတဲ့လူသားဝိညာဥ်ကိုအပြစ်မပေးဘဲချစ်ကြိုက်မိခဲ့လို့မိုးနတ်မင်းကြီးကကျိန်စာတိုက်ပြီးအဘွားအိုအသွင်နဲ့အပြစ်ပေးခံနေရတာအခုဆိုနှစ်ပေါင်း(500)ကျော်သွားပါပြီ

မိုးနတ်မင်းကြီးကစိတ်ဆိုးလွန်းတာကြောင့်လောကသဘာဝနဲ့ဆန့်ကျင်လှတဲ့ကျိန်စာနဲ့ငါ့ကိုချည်နှောင်ထားခဲ့ပြီးငါဟာကျိန်စာဖြေပေးနိုင်သူကိုစောင့်နေရုံကလွဲလို့ဘာမှမတတ်နိုင်ခဲ့ဘူး

နှစ်ပေါင်း(500)ကျော်ကြာအောင်စောင့်နေမိပေမဲ့ကျိန်စာဖြေပေးနိုင်မဲ့သူတဦးတယောက်မှရောက်မလာသလိုရှိလဲမရှိခဲ့ဘူးလေ

ရှောင်ကျန့်----နတ်သမီးရဲ့ကျိန်စာကဘယ်လိုလုပ်မှဖြေနိုင်မှာလဲဟင်ရှောင်ကျန့်သိလိုဇောနဲ့မေးလိုက်မိပါတယ်

ကျိန်စာကတော့မြင့်မြတ်တဲ့မျိုးနွယ်ကနေဆင်းသက်လာတဲ့ယောင်္ကျားပျိုနှစ်ဦးရဲ့စစ်မှန်တဲ့ချစ်မေတ္တာကိုတွေ့ရှိပြီးသူတို့နှစ်ဦးဟာလဲသက်ဆုံးတိုင်ပေါင်းဖက်နိုင်သူတွေဖြစ်ရမယ်

နောက်ပြီးသူတို့နှစ်ယောက်တည်းကတဦးတည်းသောသူရဲ့သွေးကိုသောက်ပြီးငါ့ရဲ့နတ်ဝိညာဥ်ကိုလူသားဝိညာဥ်အဖြစ်သန္ဓေဆောင်လက်ခံပေးနိုင်တဲ့သူဖြစ်ရမယ်

ဒါမှဒီကျိန်စာကနေငါလွတ်မြောက်ပြီးမြင့်မြတ်တဲ့လူသားတစ်ယောက်အဖြစ်မွေးဖွားလာခွင့်ရလိမ့်မယ်

လောကမှာလူတွေဟာအစစ်အမှန်ဆိုတာရှားပါးလွန်းလှတာမို့လူသားတဦးကိုချစ်ကြိုက်ခဲ့မိတဲ့ငါ့အပြစ်ကိုလူသားတွေကဘဲလွတ်အောင်လုပ်ပေးနိုင်တဲ့ကျိန်စာနဲ့ကျိန်ဆိုခြင်းကိုခံခဲ့ရတယ်

တိမ်လွှာရင်ခွင်(completed)Donde viven las historias. Descúbrelo ahora