တိမ်လွှာရင်ခွင်
part-15
ချောင်ချိုရင်တယောက်ဒေါသအရှိန်အဟုန်ဖြင့်မိဖုရားကြီးနန်းဆောင်သို့ထွက်လာခဲ့ပေမဲ့အတွေးတခုကြောင့်ခြေလှမ်းတို့တုံ့သွားရတယ်အင်း.......ငါဘာသက်သေမှမရှိဘဲနဲ့ဒီကိစ္စကိုသွားပြောလိုက်ရင်မိဖုရားကြီးမယုံမကြည်ဖြစ်ပြီးငါ့အပေါ်စိတ်ကွက်သွားမှာစိုးရိမ်ရတယ်
ငါအကွက်ကျကျစီစဥ်ပြီးမှမိဖုရားကြီးကိုအသိပေးရမယ်
ဒါမှဒင်းကိုဝမ်မင်းသားလေးအနားကနေမောင်းထုတ်နိုင်မှာဟင်း......ဟင်း.......
အကြံကြီစွာနဲ့ချိုရင်ပါးစပ်ကိုမဲ့ရွဲ့ကာပြုံးလိုက်ရင်းသူ့ခြေလှမ်းတို့ကိုသူမနေထိုင်ရာချောင်အိမ်တော်ဆီသို့သာပြန်လည်ဦးတည်လိုက်ပါတော့တယ်
နုပျိုလွင်နေတဲဲ့လင်းရောင်ခြည်နုနုလေးတွေကတိမ်လွှာနန်းဆောင်ဆီသို့ရွေ့ရွေ့ချဥ်းကပ်လို့လာနေပါပြီ
ရှောင်ကျန့်တယောက်ချစ်ရသူရဲ့ရင်ခွင်ကြီးထဲမှာတညတာအိပ်စက်အနားယူလိုက်ရတာမို့ခွန်အားတို့ပြန်လည်ပြည့်ဝလာခဲ့ရပါပြီ
အဖျားလဲကျသွားပြီမို့မျက်နှာနွမ်းနွမ်းလေးကအခုတော့နှင်းရည်သောက်ရတဲ့ပန်းပွင့်ငယ်လေးပမာလန်းဆန်းလို့လာရပါတယ်
ရိပေါ်ရင်ခွင်ထဲကလှုပ်ရွလှုပ်ရွဖြစ်လာတဲ့ယုန်ပေါက်လေးကိုကြင်နာစွာငုံ့ကြည့်လိုက်ရင်းနားသယ်စပ်နုနုလေးဆီကိုအနမ်းငုံလေးတပွင့်ဖွဖွလေးတင်ပေးလိုက်တယ်
အပြုံးချိုလေးနဲ့မော့ကြည့်လာတဲ့ယုန်ပေါက်လေးရဲ့မျက်နှာပေးလေးကြောင့်နံနက်ခင်းကြီးတခုလုံးကပြီးပြည့်စုံသွားရပါပြီ
ရိပေါ်အသဲယားလွန်းစွာနဲ့သူ့နှာခေါင်းချွန်လေးကိုယုန်ပေါက်စလေးရဲ့နှာခေါင်းလေးပေါ်အသာလေးဆွဲမွှေ့ပစ်လိုက်ရင်း
ချစ်လိုက်တာကွာ...........ရိပေါ်ပြောပြီးချစ်သူလေးကိုသူ့ရင်ခွင်နဲ့နီးသထက်နီးအောင်ဆွဲပွေ့ထားလိုက်တယ်
ရှောင်ကျန့်-----ကို...လို့
ရိပေါ်-----ဟင်.....ပြောလေ
YOU ARE READING
တိမ်လွှာရင်ခွင်(completed)
Romance*တိမ်လွှာရင်ခွင်* တိမ်လွှာဆိုတာ လေနှင်ရာကိုလွှင့်ပါးရတဲ့....သူပါ နင်စေလိုရာကိုစေပါ တိမ်လွှာရဲ့ရင်ခွင်ဟာ လေညှင်းလေး မင်းအတွက်ပါ.........