part-22🔞(Zawgyi)

359 12 0
                                    

တိမ်လွှာရင်ခွင်
part-22

          ရှောင်ကျန့်တိုးကြိတ်ကြိတ်ခုန်နေတဲ့ရင်ခုန်သံလေးနဲ့လူကြီးရဲ့မျက်နှာဖုံးကိုအသာလေးဆွဲခွာလိုက်ပေမဲ့

ဝှီး....ဖတ်....အ...အ...အား

လျင်မြန်လှတဲ့လူကြီးရဲ့လက်တဖက်ကသူ့လက်လေးကိုဖျတ်ခနဲဆွဲလိမ်လိုက်တာကြောင့်ရှောင်ကျန့်နာကျင်စွာနဲ့အော်လိုက်မိတယ်

ဒါဘာလုပ်တာလဲ
မျက်နှာဖုံးရှင်ကြီးကခပ်ဆတ်ဆတ်လေးမေးလိုက်တာကြောင့်

ရှောင်ကျန့်သူခိုးလူမိသွားတဲ့ပုံစံလေးနဲ့

အဟဲ.....ဟို...ဟိုဟာလေ
မျက်နှာဖုံးကြီးနဲ့အိပ်နေရတာအနှောင့်အယှက်များဖြစ်နေမလားလို့
ဒီကစေတနာနဲ့ချွတ်ပေးမလို့ပါ...အဟီး...

မလိုဘူး....ကျုပ်ဒီလိုဘဲနေတတ်တယ်

လူကြီးကဘုဆတ်ဆတ်ကြီးပြန်ပြောလိုက်တာကြောင့်ရှောင်ကျန့်အောင့်သီးအောင့်သက်နဲ့

ဟွန့်......ဒါဆိုလဲပြီးတာဘဲ.....ဒီကစေတနာနဲ့ဟာကိုရှောင်ကျန့်မကျေမနပ်လေးရေရွတ်ရင်းအနားယူဖို့သူ့ကုတင်လေးရှိရာသွားလိုက်ပါတော့တယ်
မတင်မကျစိတ်ကြီးနဲ့ဒီတညတော့ရှောင်ကျန့်အိပ်ပျော်ရဖို့ဆိုတာကမလွယ်လှပါ

ရောင်နီတွေပက်ဖြန်းထားတဲ့အာရုဏ်ဉီးနံနက်ခင်းလေးကတော့သစ်လွင်လန်းဆန်းလို့နေပါတယ်

ချွင်း....ချွင်း....ချွင်း
နားစည်မှာရိုက်ခတ်လာတဲ့အသံကြောင့်ရှောင်ကျန့်အိပ်ချင်မူးတူးနဲ့မျက်လုံးကိုဖွင့်ကြည့်လိုက်မိတယ်

လန်ကျန့်----အရှင့်သားဓါးရေးလေ့ကျင့်ဖို့အချိန်ရောက်ပြီထတော့

ရှောင်ကျန့်----အာ...အစောကြီးရှိသေးတဲ့ဟာကို

လန်ကျန့်----နံနက်စောစောလေ့ကျင့်တာကခန္ဓာကိုယ်အတွက်ပိုအကျိုးရှိတာမို့လေ့ကျင့်ဖို့အတွက်ကျွန်တော်မျိုးနန်းဆောင်ပြင်မှာစောင့်နေပါ့မယ်
လူကြီးကသူပြောချင်ရာပြောပြီး​ထွက်သွားပါတော့တယ်

ရှောင်ကျန့်ကုတင်ပေါ်ကခြုံစောင်လေးကိုစိတ်ရှိလက်ရှိပစ်ကန်ပစ်လိုက်ရင်းကိုယ်လက်သန့်စင်ဖို့ဆောင့်ဆောင့်အောင့်အောင့်နဲ့ထွက်သွားပါတော့တယ်

တိမ်လွှာရင်ခွင်(completed)Where stories live. Discover now