part-14

1.1K 69 0
                                    

တိမ်လွှာရင်ခွင်
part-14
         ရိပေါ်ပူလောင်နေတဲ့ရင်ခွင်ကြီးနဲ့ချောင်အိမ်တော်ထဲကခပ်သွက်သွက်ထွက်လာရင်းဝေါယာဥ်ပေါ်သို့အလျင်စလိုတက်လိုက်တယ်
တိမ်လွှာနန်းဆောင်တော်ဆီကိုအမြန်ပို့ဆောင်စေ

ရိပေါ်ဝေါထမ်းများကိုအမိန့်ပေးရင်းစိုးရိမ်စိတ်တွေမွှန်းထူနေတဲ့သူစိတ်တွေကိုမချုပ်တည်းနိုင်တော့

    မိဖုရားကြီးလဲအလျင်လိုနေတဲ့သားတော်လေးကိုနားမလည်စွာကြည့်ရင်းသို့လော  သို့လောနဲ့သူ့နန်းဆောင်တော်ဆီကိုပြန်ကြွလာခဲ့တယ်
သားတော်ဘာများဖြစ်တာပါလိမ့်
မိဖုရားကြီးမတွေးတတ်တော့ပါ

      ရိပေါ်တိမ်လွှာနန်းဆောင်ထက်ဆီသို့မပြေးရုံတမယ်တက်လာခဲ့ရင်းသူ့နန်းဆောင်လေးဆီကိုစိုးထိတ်စွာဝင်လာခဲ့လိုက်မိတယ်

ငြိမ်သက်စွာလဲလျောင်းနေတဲ့ချစ်သူလေးကိုကြည့်ပြီးစိုးရိမ်လွန်းနေရပြီ

ကလေးသက်သာရဲ့လားဟင်
သူမေးလိုက်ပေမဲ့အဖြေကပြန်မရ

ရိပေါ်စိုးရိမ်လွန်းစွာနဲ့ချစ်သူလေးရဲ့ကိုယ်သွယ်လေးကိုထွေးပွေ့လိုက်မိတယ်

ဟင်.....ကိုယ်တွေချစ်ချစ်တောက်အောင်ပူနေပါလား
သူချစ်ရသူရဲ့မျက်နှာနွမ်းလေးကိုလက်လေးနဲ့ပင့်ကိုင်လိုက်ရင်း

ကလေးကိုယ်ပြောတာကြားလားဟင်
ကိုယ့်ကိုမျက်စိဖွင့်ကြည့်ပါဦးကွာ......
ကလေး......ကလေးရယ်ကိုခေါ်နေတယ်လေ
ရှောင်ကျန့်မှာတော့အပူတွေကြီးလွန်းနေတာကြောင့်သတိကဝင်တချက်....မဝင်တချက်......
ခေါ်သံလိုလိုကြားမိပေမဲ့.....တုံ့ပြန်ဖို့ခွန်အားတွေသူ့မှာမရှိရတော့ပါ

ရိပေါ်ရှောင်ကျန့်ရဲ့ကိုယ်လေးကိုအသာချလိုက်ရင်းနန်းဆောင်ပြင်ပသို့အမြန်ထွက်ခဲ့လိုက်တယ်

ဟေ့......ဒီမှာဘယ်သူမှမရှိကြဘူးလား
ရိပေါ်အသံကြောင့်နန်းဆောင်စောင့်တပ်သားတွေရောက်လာပြီး

ကျွန်တော်မျိုးတို့ရှိကြောင်းပါအရှင့်သား
ဒီမှာခုချက်ချင်းသမားတော်ကြီးကိုအမြန်ဆုံးပင့်ဆောင်လာခဲ့ကြ
ရိပေါ်အမိန့်ပေးပြီးအဆောင်ထဲကိုဝင်လာလိုက်ရင်းချစ်သူရဲ့ကိုယ်သွယ်ပျော့ပျော့လေးကိုရင်ခွင်ထဲရစ်သိုင်းထွေးဖက်ထားလိုက်မိတယ်

တိမ်လွှာရင်ခွင်(completed)Where stories live. Discover now