part-29

974 59 0
                                    

တိမ်လွှာရင်ခွင်
part-29
          အလုံးအရင်းနဲ့ဝင်ရောက်လာတဲ့မြင်းခွာသံတွေကြောင့်အဖိုးအိုသူ့အိမ်ပြင်လေးကိုမသိမသာလေးထွက်လိုက်ပြီးအကဲခတ်လိုက်မိတယ်

ဒီရွာကရွာလူကြီးနဲ့တွေ့ချင်တယ်

ရှေ့ဆုံးမှစစ်ဝတ်တန်ဆာအပြည့်အစုံနဲ့ခေါင်းဆောင်ဖြစ်ဟန်တူသောလူရဲ့စကားကြောင့်အဖိုးအိုအိမ်ပြင်ကိုထွက်လာပြီး
ဒီရွာရဲ့ရွာလူကြီးကတော့ကျုပ်ကိုယ်တိုင်ပါဘဲ
ဘာကိစ္စများရှိလို့ပါလဲ

ဒီရွာမှာမင်းသားလေးနှစ်ပါးရောက်လာတယ်လို့သတင်းသဲ့သဲ့ကြားမိလို့အဲဒါဟုတ်လား

အဖိုးအို----အင်း....ရွာကိုတော့ခရီးသွားဟန်လွဲရောက်လာတဲ့ဧည့်သည်တွေကတော့အများသား
ကျုပ်လဲမမှတ်မိချင်ဘူး
အဖိုးအိုစကားကိုမယုတ်မလွန်လေးပြန်ဖြေလိုက်မိတယ်

ရိပေါ်နဲ့ရှောင်ကျန့်တို့လဲတယောက်မျက်နှာကိုတယောက်အဓိပ္ပါယ်ပါပါကြည့်လိုက်ရင်းသူတို့နှစ်ယောက်ကြောင့်ကျေးဇူးရှင်ရွာသားတွေကိုဒုက္ခမရောက်စေချင်တာမို့
ရိပေါ်သူ့ရဲ့ဆောင်ဓါးကိုဆွဲယူလိုက်ပြီးကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလိုက်တယ်

ရှောင်ကျန့်လဲသူ့ရဲ့ကိုင်ခဲလှတဲ့မဟူရာပျိုလွင်ဆောင်ဓါးကိုဆွဲကိုင်လိုက်ရင်းရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်တော့တယ်

ရိပေါ်ကသူ့ကိုစိတ်ပူသလိုလှမ်းကြည့်လိုက်တာမို့
ချစ်ရသူကြီးကိုအားပေးအပြုံးလေးပြုံးပြလိုက်ရင်း

ရှောင်ကျန့်----ကို....ကျွန်တော်တို့ကနှစ်ယောက်တဘဝမဟုတ်တော့ဘူးလေ
မကြာခင်ပိုင်ဆိုင်ရတော့မဲ့မိသားစုဘဝလေးအတွက်ကျွန်တော့်ကိုအတူတူရင်ဆိုင်ခွင့်ပြုပါနော်

ရိပေါ် ရှောင်ကျန့်ရဲ့နှောင်ကြိုးနွှယ်နေတဲ့ကိုယ်လေးကိုတင်းတင်းဆွဲဖက်လိုက်ရင်း
ကိုယ်တို့နောက်ဆုံးချိန်အထိအတူတူရင်ဆိုင်သွားကြမယ်
ဘယ်တော့မှမခွဲဘူးနော်
ကိုယ့်ရဲ့နောက်ဆုံးထွက်သက်ထိမင်းလေးနဲ့ကိုယ့်ရဲ့ကိုယ်ပွားရင်သွေးလေးကိုတဦးတယောက်ကမှလက်ဖျားနဲ့တောင်အတို့အထိမခံနိုင်ဘူး
ရိပေါ်ပြောရင်းအံကိုတင်းတင်းကြိတ်လိုက်မိတယ်

တိမ်လွှာရင်ခွင်(completed)Where stories live. Discover now