တိမ်လွှာရင်ခွင်
part-17
warning🔞🔞🔞🔞🔞ရိပေါ်တယောက်အံကိုတင်းတင်းကြိတ်ရင်းလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်တယ်
ရဲမက်တွေဆွဲခေါ်ရာနောက်ကိုမျက်နှာငယ်လေးနဲ့ပါသွားရရှာတဲ့ချစ်ရသူရဲ့မျက်နှာလေးကိုခုထိမျက်လုံးထဲကမထွက်
တမနက်တည်းနဲ့ဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တွေကသူ့အတွက်တော့သံသယရှိစရာတွေချည်းပါဘဲရိပေါ်တခုခုကိုလေးလေးနက်နက်နဲ့တွေးနေမိတယ်
ချောင်ချိုရင်ငြိမ်သက်လွန်းနေတဲ့ဝမ်မင်းသားလေးနားကိုတိုးကပ်သွားလိုက်ရင်းချိုရင်-----မင်းသားလေးနန်းဆောင်ပေါ်တက်အနားယူတော့မလားဟင်
ချောင်ချိုရင်ဝမ်မင်းသားရဲ့လက်လေးကိုကိုင်ဆွဲလှုပ်ရင်းချွဲညုညုလေးပြောလိုက်တယ်
လွှတ်စမ်း......ရာရာစစ.......ရိပေါ်ချောင်ချိုရင်ကိုစိမ်းသက်သက်ကြီးကြည့်ရင်းသူ့လက်ကိုဆောင့်ရုန်းလိုက်တယ်
ဝမ်မင်းသားရဲ့မာထန်ထန်အပြောကြောင့်ချောင်ချိုရင်တွန့်ကနဲဖြစ်သွားရတယ်
နောက်မျက်နှာကိုအသာလေးမဲ့လိုက်ရင်း......စိတ်ထဲကနေ
အခုတော့အချစ်ဆိပ်တွေတက်နေတုန်းဆိုတော့လဲနေနှင့်ဦးပေါ့မင်းသားရယ်........
နောက်မှချိုရင်ချိုရင်နဲ့ဖြစ်မှာမြင်ယောင်သေးတယ်......ဟင်း.....ဟင်း....
ချိုရင်သူ့အတွေးကိုသဘောကျစွာနဲ့ပြုံးလိုက်တယ်ရိပေါ်နန်းစောင့်ရဲမက်တွေကိုကြည့်လိုက်ရင်း
ကိုယ်တော်နန်းဆောင်ထက်မှာအနားယူတော့မှာမို့အခုကစပြီးနန်းဆောင်တော်ထဲကိုမည်သူတဦးတယောက်မှအဝင်အထွက်မရှိစေရ
ဒါနန်းဆောင်ရှင်ရဲ့အမိန့်ဘဲရိပေါ်အမိန့်ချပြီးတိမ်လွှာနန်းဆောင်ရှိရာသို့လာခဲ့လိုက်တယ်
အသင့်စောင့်ကြိုနေတဲ့အထိန်းတော်ကြီးကိုကြည့်ပြီးရိပေါ်----အထိန်းတော်ကြီးဆုံလန်ကိုခုချက်ချင်းအခစားဝင်ဖို့ပြောလိုက်ပါ
မှန်ပါ့အရှင့်သား
အထိန်းတော်ကြီးလဲဆုံလန်ရှိရာအဆောင်လေးဆီသို့သုတ်သုတ်လေးထွက်သွားလိုက်တယ်
KAMU SEDANG MEMBACA
တိမ်လွှာရင်ခွင်(completed)
Romansa*တိမ်လွှာရင်ခွင်* တိမ်လွှာဆိုတာ လေနှင်ရာကိုလွှင့်ပါးရတဲ့....သူပါ နင်စေလိုရာကိုစေပါ တိမ်လွှာရဲ့ရင်ခွင်ဟာ လေညှင်းလေး မင်းအတွက်ပါ.........