တိမ်လွှာရင်ခွင်
part-7
ငြိမ်သက်နေတဲ့ပင်လယ်ပြင်ကြီးဟာမုန်တိုင်းကြောင့်လှိုင်းတံပိုးတွေထန်လာရသလိုမျိုးငြိမ်သက်နေတဲ့ဝမ်နန်းတော်ခန်းမအတွင်းမှာလဲဝမ်မင်းသားလေးကြောင့်လှုပ်လှုပ်ရွရွနဲ့အထိတ်တလန့်ဖြစ်ကုန်ကြရတယ်ရှောင်ကျန့်မထင်မှတ်စွာဖြစ်ပျက်သွားခဲ့တဲ့အဖြစ်အပျက်ကြောင့်မှင်သက်နေရာမှသူ့ကိုဖမ်းချုပ်ထားတဲ့ရဲမက်တွေလက်ထဲကအတင်းရုန်းနေမိတယ်....
ငါ့ကိုလွှတ်နော်.........မင်းတို့ထိချင်တိုင်းထိလို့ရမဲ့သူများမှတ်နေလား
အခုလွှတ်.......
ရှောင်ကျန့်ဘယ်လိုပင်ပြောပြောရဲမက်တွေကတုတ်တုတ်မှမလှုပ်ခန်းမကြီးထဲမှာဝမ်မင်းကြီးနဲ့မိဖုရားကြီးတို့အပါအဝင်အားလုံးသောသူတွေမှာလဲဝမ်မင်းသားကိုတလှည့်ရှောင်ကျန့်ကိုတလှည့်ကြည့်ရင်းအခြေအနေတွေကိုနားမလည်နိုင်ကြသေး...
ဝမ်မင်းသားတပါးအနေနဲ့အားလုံးကိုကြော်ငြာစရာရှိတယ်........
ဝမ်မင်းသားရဲ့ကြည်လင်ပြတ်သားတဲ့အသံကအားလုံးကိုလွှမ်းမိုးသွားတယ်...အခုအားလုံးတွေ့မြင်နေရတဲ့သူကမိန်းကလေးတယောက်မဟုတ်သလို
အားလုံးတွေးထင်နေကြတဲ့ယောင်္ကျားလျာတယောက်လဲမဟုတ်ဘူးသူက
ဝမ်မင်းသားစကားကိုမဆက်သေးဘဲရှောင်ကျန့်ကိုစူးစူးရဲရဲစိုက်ကြည့်လိုက်ရင်းနဲ့သူက.....ရှောင်တိုင်းပြည်ကရှောင်မင်းသားဘဲ........
ဟာ......ဟင်.....အို......
ခန်းမထဲမှာလဲအံ့သြလွန်းစွာနဲ့အသံမျိုးစုံထွက်သွားရပါတယ်
ရိပေါ်-----ဝမ်မင်းသားရဲ့ကြင်ယာတော်ရွေးချယ်ပွဲမှာဒီလိုပျက်ရယ်ပြုခြင်းခံရတာကိုလုံးဝလက်သင့်ခံနိုင်စရာအကြောင်းမရှိတာမို့ရှောင်မင်းသားကိုခုချက်ချင်းအကျဥ်းသားအနေနဲ့အကျဥ်းချထားစေ
ပြီးတော့ဒီလိုဖြစ်ပျက်သွားခဲ့ရတဲ့ကိစ္စတွေအတွက်စုံစမ်းစစ်ဆေးမှုမပြီးမချင်းကြင်ယာတော်ရွေးချယ်ပွဲကိုအကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ကြောင်းကျုပ်ဝမ်မင်းသားအနေနဲ့အားလုံးကိုအတိအလင်းကြေငြာလိုက်တယ်.......
YOU ARE READING
တိမ်လွှာရင်ခွင်(completed)
Romance*တိမ်လွှာရင်ခွင်* တိမ်လွှာဆိုတာ လေနှင်ရာကိုလွှင့်ပါးရတဲ့....သူပါ နင်စေလိုရာကိုစေပါ တိမ်လွှာရဲ့ရင်ခွင်ဟာ လေညှင်းလေး မင်းအတွက်ပါ.........