တိမ်လွှာရင်ခွင်
part-9
မြင်ရသူအပေါင်းရင်သပ်ရှူ့မောစွာနဲ့ကျက်သရေအပေါင်းခညောင်းနေတဲ့တိမ်လွှာနန်းဆောင်တော်
ဝမ်နန်းတော်ကြီးထဲမှာရှိတဲ့အမြင့်ဆုံးသောနန်းဆောင်တော်ကြီး.......ရှောင်ကျန့်သူရောက်ရှိရာတိမ်လွှာနန်းဆောင်တော်ကြီးကိုတအံ့တသြနဲ့စိတ်ဝင်တစားလှည့်ပတ်ကြည့်ရှူ့နေမိတယ်.....
မင်းသားဖြစ်တာချင်းအတူတူသူနည်းနည်းသိမ်ငယ်သွားသလိုခံစားလိုက်ရတယ်....
သူစံမြန်းနေခဲ့တဲ့လေညှင်းသခင်နန်းဆောင်တော်နဲ့တော်တော်ကိုကွာခြားတာပါလား.......ရှောင်ကျန့်တွေးမိလိုက်ရင်းတိမ်လွှာနန်းဆောင်တော်ကိုတော့သူသဘောကျမိသလိုလိုပါ
ကောင်လေး.......မင်းရောက်လာပြီလား
အသံကြောင့်ရှောင်ကျန့်လှည့်ကြည့်လိုက်မိတယ်........
အကြည့်စူးစူးနဲ့လူကြီးကိုမြင်ပြီးရှောင်ကျန့်ရဲ့နှုတ်ခမ်းဖူးငုံငုံလေးကချက်ချင်းကိုစူတက်သွားရတယ်.........
ဟွန့်........သူမေးတိုင်းဖြေရမှာလားရှောင်ကျန့်အဖြေမပေးဘဲမကြားသလိုလုပ်နေလိုက်တယ်........ရိပေါ်မထုံတတ်တေးလုပ်နေတဲ့ကောင်ဆိုးလေးကိုကြည့်ပြီးအူယားနေမိတယ်.......
ရိပေါ်-----မင်းကအခုချိန်ကစပြီးငါ့ရဲ့အလုပ်အကြွေးဆိုတော့ငါ့အပါးမှာနေပြီးငါခိုင်းသမျှငါ့အမိန့်ကိုနာခံရမယ်ဆိုတာကိုတော့နားလည်လိမ့်မယ်ထင်တယ်.........
ရှောင်ကျန့်လူဆိုးကြီးကိုခပ်ဆတ်ဆတ်လေးကြည့်လိုက်ရင်း
ဒီမှာ......ခင်ဗျားကြီးခိုင်းတာမလုပ်နိုင်ဘူးဆိုရင်ကော.......ရိပေါ်သူ့နှုတ်ခမ်းရဲလေးကိုတွန့်ခနဲတချက်ပြုံးလိုက်ရင်း....
ရိပေါ်-----ဆုံလန်......
ဆုံလန်-----မိန့်ပါအရှင့်သား......
ရိပေါ်-----တကယ်လို့များငါ့အမိန့်ကိုမနာခံတတ်တဲ့သူတွေကိုဘယ်လိုအပြစ်ဒါဏ်များပေးတာပါလိမ့်.........
ဆုံလန်-----မှန်ပါ......အပြစ်အကြီးအသေးပေါ်မူတည်ပြီးအနိမ့်ဆုံးအပြစ်ဒဏ်ကတော့ကြိမ်ဒဏ်ပါ.........
JE LEEST
တိမ်လွှာရင်ခွင်(completed)
Romantiek*တိမ်လွှာရင်ခွင်* တိမ်လွှာဆိုတာ လေနှင်ရာကိုလွှင့်ပါးရတဲ့....သူပါ နင်စေလိုရာကိုစေပါ တိမ်လွှာရဲ့ရင်ခွင်ဟာ လေညှင်းလေး မင်းအတွက်ပါ.........