တိမ်လွှာရင်ခွင်
part-23
အေးစက်တဲ့အငွေ့အသက်နဲ့ရောယှက်ကာထားတဲ့ဆောင်းနံနက်ခင်းလေးကတော့မြူမှုန်တွေကိုဖယ်ရှားရင်းကြည်လင်အောင်ကြိုးစားနေရရှာတယ်ရှောင်ကျန့်တယောက်ချစ်ရသူကြီးရဲ့ရင်ခွင်ကျယ်ကြီးကိုကနွဲ့ကလျလေးမှီတွယ်ရင်းနဲ့ရင်ငွေ့နွေးနွေးလေးကိုနွေးထွေးစွာခိုလှုံနေမိတယ်
ရိပေါ်ကပိုကရိုလေးခိုဝဲကျနေတဲ့ချစ်ရသူရဲ့ဆံနွယ်နုလေးတွေကိုလက်လေးနဲ့အသာသပ်တင်ပေးရင်းဆံနွယ်သွယ်ပျော့ပျော့လေးကိုမြတ်နိုးလွန်းစွာနဲ့ဖွဖွလေးနမ်းရှိုက်လိုက်တယ်
ရှောင်ကျန့်ချစ်ရသူကြီးရဲ့ခါးကျစ်လေးကိုလက်လေးနဲ့သိုင်းဖက်လိုက်ရင်း
ကို....ကျွန်တော့်ဆီကိုတကယ်လာတယ်နော်......ကျွန်တော်လေလွမ်းရလွန်းလို့....ကို့...ကို....လေဘယ်လောက်တောင်မှမျှော်နေမိရလဲဆိုတာကိုယ်သိရဲ့လားဟင်
ရိပေါ် ရှောင်ကျန့်ရဲ့နှာခေါင်းဖျားလေးကိုလက်လေးနဲ့အသာဆွဲညစ်လိုက်ရင်း
အချွဲလေး.....ဒီကကောင်ကြီးကတော့လေ.....အလွမ်းရက်တွေတိုးတိုင်းမရှူနိုင်မကယ်နိုင်နဲ့တငိုင်ငိုင်ဖြစ်နေရတာကိုကောမင်းလေးသိရဲ့လား
ဒီအခြေအနေထိရောက်လာပြီးတော့မှကွာမင်းလေးနဲ့ထပ်ပြီးမခွဲနေနိုင်တော့ဘူး
မင်းလေးကိုယ့်နောက်ကိုလိုက်ခဲ့မယ်မဟုတ်လားဟင်ရှောင်ကျန့်အမေးအမြန်းတွေထူနေတဲ့ချစ်ရသူကြီးရဲ့လည်တိုင်စင်းစင်းလေးကိုညင်သာစွာသိုင်းဖက်လိုက်ရင်း
ကို.....ကျွန်တော်လေကို့ကိုချစ်ရလွန်းလို့ဘဝကြီးတခုလုံးတောင်ပုံအပ်ခဲ့ပြီးပြီဘဲ...ကိုရယ်
ကိုဟာလေ....ကျွန်တော့်ဘဝရဲ့အရာရာဖြစ်သလို
ကျွန်တော့်ဘဝရဲ့ရှင်သန်ရာအရှင်သခင်နေမင်းကြီးပါ
ကို့ရဲ့ရင်ရိပ်ငွေ့လေးမှာခိုလှုံရင်းနဲ့လိုအင်လေးတြွေဖည့်စွမ်းပေးချင်ရသူပါနော်
ဟောဒီ....ကောင်ငယ်လေးရဲ့အသဲနုနုလေးကလေ.....အမြဲပြုစုပေးမဲ့သူရှိမြှဖစ်မှာမို့ကိုမရှိတဲ့ဘဝမှာကျွန်တော်မရှင်သန်နိုင်တော့ဘူးဗျာ
ဒါကြောင့်....ခေါ်ချင်ရာကိုခေါ်သွားပါတော့နော်
ESTÁS LEYENDO
တိမ်လွှာရင်ခွင်(completed)
Romance*တိမ်လွှာရင်ခွင်* တိမ်လွှာဆိုတာ လေနှင်ရာကိုလွှင့်ပါးရတဲ့....သူပါ နင်စေလိုရာကိုစေပါ တိမ်လွှာရဲ့ရင်ခွင်ဟာ လေညှင်းလေး မင်းအတွက်ပါ.........