warning🔞🔞🔞🔞🔞
တိမ်လွှာရင်ခွင်
part-22
ရှောင်ကျန့်တိုးကြိတ်ကြိတ်ခုန်နေတဲ့ရင်ခုန်သံလေးနဲ့လူကြီးရဲ့မျက်နှာဖုံးကိုအသာလေးဆွဲခွာလိုက်ပေမဲ့ဝှီး....ဖတ်....အ...အ...အား
လျင်မြန်လှတဲ့လူကြီးရဲ့လက်တဖက်ကသူ့လက်လေးကိုဖျတ်ခနဲဆွဲလိမ်လိုက်တာကြောင့်ရှောင်ကျန့်နာကျင်စွာနဲ့အော်လိုက်မိတယ်
ဒါဘာလုပ်တာလဲ
မျက်နှာဖုံးရှင်ကြီးကခပ်ဆတ်ဆတ်လေးမေးလိုက်တာကြောင့်ရှောင်ကျန့်သူခိုးလူမိသွားတဲ့ပုံစံလေးနဲ့
အဟဲ.....ဟို...ဟိုဟာလေ
မျက်နှာဖုံးကြီးနဲ့အိပ်နေရတာအနှောင့်အယှက်များဖြစ်နေမလားလို့
ဒီကစေတနာနဲ့ချွတ်ပေးမလို့ပါ...အဟီး...မလိုဘူး....ကျုပ်ဒီလိုဘဲနေတတ်တယ်
လူကြီးကဘုဆတ်ဆတ်ကြီးပြန်ပြောလိုက်တာကြောင့်ရှောင်ကျန့်အောင့်သီးအောင့်သက်နဲ့
ဟွန့်......ဒါဆိုလဲပြီးတာဘဲ.....ဒီကစေတနာနဲ့ဟာကိုရှောင်ကျန့်မကျေမနပ်လေးရေရွတ်ရင်းအနားယူဖို့သူ့ကုတင်လေးရှိရာသွားလိုက်ပါတော့တယ်
မတင်မကျစိတ်ကြီးနဲ့ဒီတညတော့ရှောင်ကျန့်အိပ်ပျော်ရဖို့ဆိုတာကမလွယ်လှပါရောင်နီတွေပက်ဖြန်းထားတဲ့အာရုဏ်ဦးနံနက်ခင်းလေးကတော့သစ်လွင်လန်းဆန်းလို့နေပါတယ်
ချွင်း....ချွင်း....ချွင်း
နားစည်မှာရိုက်ခတ်လာတဲ့အသံကြောင့်ရှောင်ကျန့်အိပ်ချင်မူးတူးနဲ့မျက်လုံးကိုဖွင့်ကြည့်လိုက်မိတယ်လန်ကျန့်----အရှင့်သားဓါးရေးလေ့ကျင့်ဖို့အချိန်ရောက်ပြီထတော့
ရှောင်ကျန့်----အာ...အစောကြီးရှိသေးတဲ့ဟာကို
လန်ကျန့်----နံနက်စောစောလေ့ကျင့်တာကခန္ဓာကိုယ်အတွက်ပိုအကျိုးရှိတာမို့လေ့ကျင့်ဖို့အတွက်ကျွန်တော်မျိုးနန်းဆောင်ပြင်မှာစောင့်နေပါ့မယ်
လူကြီးကသူပြောချင်ရာပြောပြီးထွက်သွားပါတော့တယ်ရှောင်ကျန့်ကုတင်ပေါ်ကခြုံစောင်လေးကိုစိတ်ရှိလက်ရှိပစ်ကန်ပစ်လိုက်ရင်းကိုယ်လက်သန့်စင်ဖို့ဆောင့်ဆောင့်အောင့်အောင့်နဲ့ထွက်သွားပါတော့တယ်
STAI LEGGENDO
တိမ်လွှာရင်ခွင်(completed)
Storie d'amore*တိမ်လွှာရင်ခွင်* တိမ်လွှာဆိုတာ လေနှင်ရာကိုလွှင့်ပါးရတဲ့....သူပါ နင်စေလိုရာကိုစေပါ တိမ်လွှာရဲ့ရင်ခွင်ဟာ လေညှင်းလေး မင်းအတွက်ပါ.........