တိမ်လွှာရင်ခွင်
part-8
စာချွန်လွှာကိုဖတ်ရှူနေရင်းရှောင်မင်းကြီးအမျက်ချောင်းချောင်းထွက်နေရလေပြီ.......တယ်.....မိုက်လိုက်တဲ့သားတော်
တိုင်းတပါးမှာသွားပြီးမိဘမျက်နှာကိုအရှက်ခွဲအိုးမဲသုတ်ရတယ်လို့လေတောက်...မိဖုရားကြီးမှာတော့မျက်ရည်လေးစမ်းစမ်း....စမ်းစမ်းနဲ့သားတော်လေးအတွက်စိုးရိမ်သောကရောက်နေရပါပြီ
အရှင်မင်းကြီးရယ်သားတော်လေးကိုကယ်ပါဦးသားတော်လေးဟိုမှာဘယ်လောက်တောင်များဒုက္ခရောက်နေလိမ့်မလဲမသိဘူး......
ဒီမယ်....မိဖုရားကြီးအခုကိစ္စကကိုယ့်တိုင်းပြည်တွင်းမှာဖြစ်တာမဟုတ်ဘူးတိုင်းတပါးမှာပြဿနာသွားရှာထားတာကျုပ်ကယ်ချင်တိုင်းကယ်လို့ရမယ်များထင်နေလားဟင်....
အရှင်မင်းကြီးရယ်သားတော်လေးကမလိမ်မိုးမလိမ္မာအရွယ်လေးမို့အပြစ်ပြုမိသွားတာပါ....
တော်.......မိဖုရားကြီး.......
ရှောင်မင်းကြီးရဲ့အမျက်တော်ကပေါက်ကွဲတော့မဲ့မီးတောင်ကြီးအလားပွက်ပွက်ဆူနေရပြီ.......နှစ်နိုင်ငံကြားဆက်ဆံရေးကိုထိခိုက်စေရုံသာမကရှောင်တိုင်းပြည်ရဲ့သိက္ခာနဲ့လဲသက်ဆိုင်နေလေတော့.........ရှောင်မင်းကြီးစဥ်းစားလိုက်ရင်း
ကဲ.....သံတမန်ရေးရာအမတ်ကြီးခုချက်ချင်းဝမ်တိုင်းပြည်ကိုထွက်ခွာပြီးဝမ်မင်းကြီးနဲ့ဝမ်မင်းသားလေးတို့စိတ်ကျေနပ်မှုရှိလာသည်အထိညှိနှိုင်းဆောင်ရွက်ပါ........ရှောင်မင်းသမီးလေးကိုတော့ဘေးရန်မခရအောင်ပြန်ခေါ်လာခဲ့ပါ........
သင်းကိုတော့သူ့ထိုက်နဲ့သူ့ကံမို့ကာယကံရှင်ဝမ်မင်းသားရဲ့သဘောဆန္ဒအတိုင်းအပြစ်ခံယူမှုကိုစောတကမတက်ဘဲလက်ခံခိုင်းလိုက်......
ဒါကျုပ်ရှောင်မင်းကြီးရဲ့အမိန့်မို့တစုံတရာဖိဆန်ခြင်းမပြုစေဖို့ကျုပ်မှာကြားလိုက်တယ်ညီလာခံဒီမှာတင်သိမ်းမယ်ရှောင်မင်းကြီးပြောပြီးညီလာခံကထွက်သွားပါတော့တယ်.......
မိဖုရားကြီးမှာလဲဘာမှမပြောသာလှတာမို့ဝမ်းနှင့်လွယ်ပြီးဖွားထားရသောသားတော်လေးအတွက်ရတက်မအေးရဘဲစိတ်ဆင်းရဲလျက်ရှိရလေသည်......
ESTÁS LEYENDO
တိမ်လွှာရင်ခွင်(completed)
Romance*တိမ်လွှာရင်ခွင်* တိမ်လွှာဆိုတာ လေနှင်ရာကိုလွှင့်ပါးရတဲ့....သူပါ နင်စေလိုရာကိုစေပါ တိမ်လွှာရဲ့ရင်ခွင်ဟာ လေညှင်းလေး မင်းအတွက်ပါ.........