part-19 (Zawgyi)

216 8 0
                                    

တိမ်လွှာရင်ခွင်
part-19
          အချိန်တွေကမျက်နှာသာမပေးတော့တဲ့အခါဖြတ်သန်းလာရတဲ့စက္ကန့်မိနစ်တိုင်းဟာရင်လေးစွာနဲ့ခက်ခဲလွန်းနေရပါတယ်

တညလုံးနီးပါးချစ်ရသူကြီးရဲ့ရင်ခွင်ထဲမှာငိုကြွေးထားမိတာကြောင့်ရှောင်ကျန့်ရဲ့ဖန်ကြည်ရောင်မျက်ဝန်းလေးတွေကကြယ်စင်ငုံတွေလိုရဲတောက်နေရပါပြီ

ရိပေါ်တယောက်သူ့ကိုယ်သူတောင်အနိုင်နိုင်ဖြစ်နေရတာမို့ချစ်သူလေးကိုနှစ်သိမ့်ပေးနိုင်ဖို့ရာမစွမ်းနိုင်တော့ပါ
တယောက်ကိုတယောက်တင်းကျပ်စွာဖတ်ထားရုံကလွဲလို့ဘာမှမတတ်နိုင်တော့တဲ့အခြေအနေတခု

ရှောင်မင်းသားလေး........ရှောင်တိုင်းပြည်ကိုခရီးနှင်ရန်အသင့်ဖြစ်ကြောင်းပါ

နန်းဆောင်ပြင်ပမှတာဝန်အပ်နှင်းခြင်းခံရတဲ့တပ်မှူးကြီးရဲ့အသံကြောင့်နှစ်ဉီးသားရဲ့နှလုံးသားကိုယ်စီဟာအညှာကနေရိုက်ခြွေခံရတဲ့သစ်သီးနုနုလေးလိုကြွေကျမတတ်ခံစားလိုက်ရတယ်

ရိပေါ်ဆောက်တည်ရာမရစွာနဲ့ချစ်သူလေးကိုကြည့်လိုက်ရင်း
မင်း....မင်းလေးကိုယ့်ကိုမေ့မသွားဘူးမဟုတ်လား...........ကိုယ့်ကိုချစ်တယ်မဟုတ်လားဟင်......ပြောပါဉီးကလေးရယ်.......ကိုယ့်ရင်ခွင်ကြီးပူလောင်ရလွန်းရလို့ပါ.......ကိုယ်......ကိုယ်လေ.....မင်းလေးဆီမရောက်ရောက်အောင်လာခဲ့မှာပါ.........ကိုယ့်ကိုချစ်နေပေးပါ......စောင့်နေပေးပါကွာနော်......ကိုယ့်ကိုစောင့်နေမယ်ဆိုတဲ့ဂတိလေးတခုဘဲပေးခဲ့ပေးပါလားကလေးရယ်
ချစ်သူမျက်နှာလေးကိုဆွဲကိုင်ရင်းရိပေါ်စိတ်မချစွာနဲ့တတွတ်တွတ်​မေးနေမိတယ်

ရှောင်ကျန့်မျက်ရည်ပူတွေကြားမှာနစ်မြှုပ်နေတဲ့ကယ်သူမဲ့နှလုံးသားလေးကိုထွေးပိုက်ရင်းချစ်ရသူကြီးရဲ့ငိုရီနေတဲ့နှုတ်ခမ်းထူလေးကိုသူ့နှုတ်ခမ်းနုပွင့်လေးနဲ့နှစ်သိမ့်အနမ်းလေးပေးခြွေလိုက်မိတယ်

သူ့ပါးဥဥလေးပေါ်ပေါက်ကနဲ့ကြွေကျလာတဲ့အပူဟပ်နေတဲ့မျက်ရည်တစက်ကတော့သူ့မျက်ဝန်းကမျက်ရည်မဟုတ်မှန်းရှောင်ကျန့်သိလိုက်တယ်
ဒါဆို....................

တိမ်လွှာရင်ခွင်(completed)Where stories live. Discover now