တိမ်လွှာရင်ခွင်
part-16
ငြိမ်သက်နေတဲ့ချောင်အိမ်တော်ကြီးအတွင်းမှာတော့မငြိမ်မသက်စွာနဲ့ဟိုဒီလျှောက်ရင်းအကြံကြီးကြီးထုတ်နေမိသူကချောင်ချိုရင်
တချက်ခုတ်ရင်သုံးချက်လောက်ပြတ်နိုင်မဲ့အကြံအစည်ကြီးကိုရေးဆွဲရင်း.........သူစိတ်ပိုင်းဖြတ်လိုက်တယ်ဟဲ့.......ငယ်ကျွန်.....ဒီကိုလာစမ်း
မှန်ပါ့သခင်မလေး......
ငယ်ကျွန်ကြီးကရို့ကျိုးစွာနဲ့ချောင်ချိုရင်ရှေ့ဒူးထောက်ခစားလိုက်တယ်ဒီမယ်......ခုချက်ချင်းနန်းတွင်းထဲကိုသွားပြီးရှောင်မင်းသားရဲ့ဝတ်ရုံတော်ကိုလျှော်ဖွတ်ပေးရတဲ့နန်းတွင်းအစေခံကိုရှာပြီးတော့××××××××××
ရှောင်ချိုရင်သူမရဲ့အစီအစဥ်တွေကိုငယ်ကျွန်ကြီးအားတိုးတိုးတိတ်တိတ်မှာကြားလိုက်တယ်ကဲ....ငါပြောတာမှတ်မိတယ်နော်....
နည်းနည်းမှမလွဲစေနဲ့ကြားလားနှုတ်ပိတ်ခအနေနဲ့အသပြာကိုလဲလုံလောက်စွာပေးခဲ့လိုက်စိတ်ချပါသခင်မလေး.........
ငယ်ကျွန်ကြီးပြောပြီးနန်းတွင်းဆီသို့သူ့သခင်မအလိုအတိုင်းခပ်သုတ်သုတ်လေးထွက်ခဲ့လိုက်တယ်
ချောင်ချိုရင်နှုတ်ခမ်းကိုမဲ့ကာတချက်ပြုံးလိုက်ရင်း
သြော်.....ရှောင်မင်းသား......ရှောင်မင်းသားသနားစရာငါးအလှလေးပါလားလေ......မကြာခင်နင့်အတွက်ပိုက်ကွန်ကြီးကြီးတခုကိုငါချပေးမဟဲ့....
စောင့်သာနေပေတော့ချောင်ချိုရင်ငြိုးမာန်ဖွဲ့ကာပြောလိုက်ရင်းသူ့ဖခင်ရှောင်အမတ်ကြီးရှိရာစာဖတ်ခန်းဆီကိုလာခဲ့လိုက်တယ်
ချိုရင်----အဖေ
အမတ်ကြီး-----သြော်သမီးလေး.....ဘာပြောချင်လို့လဲ....လာလေ
ချိုရင်----အဖေ့ကိုသမီးတိုင်ပင်စရာရှိတယ်
အမတ်ကြီး----အင်း.....ဆိုစမ်းပါဦး
ချိုရင်----အဖေသမီးအိမ်ရှေ့စံကြင်ယာတော်ဖြစ်ဖို့အတွက်ဒီလိုထိုင်စောင့်နေလို့တော့မဖြစ်တော့ဘူး
အမတ်ကြီး----သမီးကဘယ်လိုများလုပ်ချင်လို့လဲ
ချိုရင်----သမီးပြောတဲ့အစီအစဥ်အတိုင်းသာအဖေဆောင်ရွက်ပေးမယ်ဆိုရင်ဒီကိစ္စထင်ထားတာထက်မြန်မြန်ဖြစ်မြောက်လာနိုင်တယ်.........ဒါမှသမီးလဲအိမ်ရှေ့စံကြင်ယာမြန်မြန်ဖြစ်ပြီးအဖေလဲအိမ်ရှေ့စံရဲ့ယောက္ခမတော်ကြီးဖြစ်ရတာပေါ့
YOU ARE READING
တိမ်လွှာရင်ခွင်(completed)
Romance*တိမ်လွှာရင်ခွင်* တိမ်လွှာဆိုတာ လေနှင်ရာကိုလွှင့်ပါးရတဲ့....သူပါ နင်စေလိုရာကိုစေပါ တိမ်လွှာရဲ့ရင်ခွင်ဟာ လေညှင်းလေး မင်းအတွက်ပါ.........