ရိပေါ်တစ်ယောက် မနက်စောစော ကြော်ငြာတစ်ခုသွားရိုက်ရမှာမို့ စောစောထပြင်ဆင်ရင်း ရှောင်းကျန့်အခန်းထဲဝင်ကြည့်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတုန်းပင်...၊ နဖူးလေးပေါ်လက်တင်လို့ ကိုယ်အပူချိန်တိုင်းကြည့်ပြီး စောင်လေးကိုသေချာခြုံပေးကာ အခန်းထဲမှပြန်ထွက်မယ်အလုပ်....
"အိပေါ်..."
"ဟင် နိုးသွားတာလား ပြန်အိပ် ပြန်အိပ် အစောကြီးရှိသေးတယ် ကျန့်ကျန့်ရဲ့"
"မအိပ်ချင်တော့ဘူး ငါ ဒီနေ့ ရှူတင်လိုက်လို့ရမလား အိမ်မှာတစ်ယောက်ထဲနေရတာပျင်းလို့"
"မရပါဘူး အနားယူရပါတယ်ဆို ဘာကို ရှူတင်လိုက်ချင်တာလဲ ရှောင်းမာမားနဲ့တိုင်ပြောမှာနော် အဲဒါမှမင်း ဟန်ကျိုးပြန်နေရမှာ""အားး ဒါနဲ့ပဲကိုင်ပေါက်နေလိုက် အိပေါ်စုတ်"
"နိုးရင်လဲထ ခဏနေဖန်ရှင်းလာတော့မှာ မနက်စာအတူတူစားကြမယ်"
"ရှူတင်မလိုက်ရဘူးဆိုမစားဘူး ပြန်အိပ်မယ် သွားသွား ငါ့အခန်းထဲကအခုထွက် ရှူး ရှူး"
"ဟာ ရှောင်းကျန့်! ဘယ်လိုတွေမောင်းထုတ်နေရတာလဲ၊ အိပ်ချင်သေးတယ်ဆိုလဲဆက်အိပ် မနက်စာ နေ့လည်စာ တစ်ခါထဲစီစဉ်ပေးခဲ့မယ် တစ်ခုခုဆို ဖန်ရှင်းဆီဖုန်းဆက်လိုက် ကြားလား"
"မကြားဘူး မင်းဆီပဲတိုက်ရိုက်ဆက်မှာ"
"အေး ဘယ်လိုပဲဆက်ဆက်ကွာ လုပ်ချင်သလိုလုပ်"
"ဟာ စိတ်မရှည်တဲ့လေသံနဲ့ သူ့အိမ်မှာနေရတယ်ဆိုပြီး ငါလဲဝမ်မာမားနဲ့တိုင်ပြောမှာနော်"ဒေါက် ဒေါက်!
"အစ်ကိုလေးတို့ ကျွန်တော်ရောက်တာကြာပြီ ဒီတစ်သက် အခန်းထဲက ထွက်လာကြအုံးမှာလား""အခန်းထဲက မထွက်လို့ ငါတို့ကဘာလုပ်နေရမှာလဲ"
"အေးလေ ငါကငါ့ဟာငါအိပ်တယ် အိပေါ်ကငါ့ကိုလာနှိုးတယ်လေ အဲဒါကို မသိရင် အခန်းထဲပဲတစ်ခုခုလုပ်နေသလိုနဲ့ပြောနေတာ"အယ်! ဒါလေးပြောမိတာကို စွာနေလိုက်တာနှစ်ယောက်က... ငါကိုယ်ကမှားတာ သူတို့ကြားထဲဝင်ပါမိတာ ဖန်ရှင်း...မင်းကလေ အမှတ်ကိုမရှိဘူး 😒
...............
ရိထျန်တစ်ယောက် ဆေးရုံမှာ ရိပေါ်ရဲ့ we chat account လေးကို စာပို့ရင်ကောင်းနိုး မကောင်းနိုးစဉ်းစားလိုက် ရေးလိုက် ဖျက်လိုက်လုပ်နေမိတယ်....
BẠN ĐANG ĐỌC
သူငယ်ချင်းIdol💚❤️