ရှောင်းကျန့်တအားငိုပြီးနောက် ပင်ပန်းပြီးအိပ်ပျော်သွားလို့ ကုတင်ပေါ်အသာလေးလှဲသိပ်နေတုန်း ရိပေါ်မားဆီကဖုန်းဝင်လာသည်....
📱ဟယ်လို မား
📱 ဝမ်လေး ကျန့်ကျန့်သတင်းတွေကဘယ်လိုဖြစ်ရတာလဲ သားကရောဘာမှမလုပ်ပေးဘူးလား
📱 ကျွန်တော်စုံစမ်းနေပါတယ်မား စိတ်မပူနဲ့
📱 အင်း မားတို့လာဖို့လိုအပ်ရင်လဲပြော အခုရော ကျန့်ကျန့်ဘယ်မှာလဲ
📱 သူအိပ်ပျော်နေတယ်မား ရှောင်းမာမားကိုလဲစိတ်မပူနဲ့လို့ပြောပေးအုံး
📱အင်း သတင်းတွေကတစ်ခုမှမကောင်းတော့ ရှောင်းကျဲလဲစိတ်ပူနေတယ် တတ်နိုင်သမျှအဖြစ်မှန်ဖော်ထုတ်ဖို့လုပ်နော် ဝမ်လေး
📱ဟုတ်မား စိတ်ချပါဟန်ကျိုးကမိဘတွေလဲစိတ်ပူနေသလို ရိပေါ်ရဲ့ entertainment ကလဲ ရှောင်းကျန့်နဲ့ဘာမှသက်ဆိုင်မှုမရှိကြောင်း စာထုတ်ပြန်ဖို့ပြောနေတာမို့ သူအပြတ်ငြင်းခဲ့ရသေးသည်...၊ သူစုံစမ်းလို့ရသလောက်က ပို့စ်တင်တဲ့သူက အကောင့်တုနဲ့ဖြစ်ပေမဲ့ တင်ထားတဲ့ပုံတွေက အစစ်တွေ photoshop လုပ်ထားတာတစ်ခုမှမပါ....။ ရိပေါ်လဲသက်ပြင်းချကာ အခန်းထဲမှထွက်ဖို့အလုပ် ရှောင်းကျန့်ဖုန်းမြည်လာတာမို့ ကြည့်လိုက်တော့ အဲလစ်တဲ့...
📱ရှောင်း ကျွန်တော့်သူငယ်ချင်းနဲ့အဆက်အသွယ်ရပြီ သူကပြောတယ် ပို့စ်တင်တဲ့သူရဲ့ အကောင့်ကို hack ကြည့်မယ်တဲ့ မရရင် သူ့ရဲ့ ID နဲ့နောက်ဆုံးတင်ခဲ့တဲ့ location ကိုရှာကြည့်မယ် အဲလိုဆိုတစ်ခုခုတော့လိုက်လို့ရမယ်ပြောတယ်"
📱 အဲလစ် ကျွန်တော် ဝမ်ရိပေါ်ပါ
📱 ဝမ်ရိပေါ်? အာ ဟုတ် ရှောင်းရော
📱 သူအိပ်ပျော်နေလို့ ခုနအဲလစ်ပြောတဲ့ကိစ္စက ဘယ်တော့လောက်ပြန်သိရမှာလဲ
📱 တစ်ပတ်လောက်နေရင်သိရမယ်ပြောတယ် သူငယ်ချင်းကအင်တာနက်လိုင်းမကောင်းတဲ့နေရာရောက်နေလို့တဲ့ ဒါနဲ့ ရှောင်းတစ်ယောက် ဒေါက်တာချောင်နဲ့တွေ့ပြီးမေးပြီးပြီလားမသိဘူး
📱 ဒေါက်တာချောင်နဲ့ဘယ်လိုပတ်သတ်နေလို့လဲ
📱ရှောင်းပြောတာတော့ ဒေါက်တာချောင်ကကျောင်းတုန်းကသူ့ကိုအနိုင်ကျင့်ခဲ့တဲ့သူတဲ့ ဓာတ်ပုံတွေကလဲသူရိုက်ခဲ့တာကြီးပဲတဲ့
📱ဟုတ်ပြီအဲလစ် ကျွန်တော်ဒေါက်တာချောင့်ကိုဆက်သွယ်ကြည့်မယ် အဲလစ်ဘက်ကသတင်းထူးရင်ပြန်ပြောပေးပါ
📱စိတ်ချပါရိပေါ် ကျွန်တော်ပြောပါ့မယ်
📱 အင်း ကျေးဇူးပဲအဲလစ်
أنت تقرأ
သူငယ်ချင်းIdol💚❤️