23

5.5K 497 12
                                    

သွားရမဲ့နေ့ရောက်တော့ ရှောင်းကျန့်ကဆေးရုံရှေ့ စုရပ်ကိုသွားရမှာမို့ သူ့ကားနဲ့ပဲသွားမယ်ဆိုပေမဲ့ ရိပေါ်တို့ကလိုက်ပို့မယ်ဟုဆိုတော့ကြောင့် ရိပေါ်တို့ကားနဲ့ပဲလိုက်လာခဲ့တော့သည်....

"ကျန့်ကျန့် ကားပေါ်မှာတစ်လမ်းလုံးအိပ်မသွားနဲ့နော် ဘေးမှာလူရှိတယ်ဆိုတာ သတိထားအုံး၊ အနွေးထည်ကိုလဲ တခါထဲယူသွား ကားပေါ်မှာအေးလိမ့်မယ် သွားရတဲ့ခရီးကဝေးတယ်ဆိုတော့ ကားမူးတာဘာညာဆို ဆေးသောက်ဖို့လဲမမေ့နဲ့ ပြီးတော့...."

"အစ်ကိုလေးရယ် အဲလောက်ဖြစ်နေရင် ဒေါက်တာရှောင်းကိုတစ်ခါထဲခေါ်လာခဲ့ပါတော့လား တကယ်ပဲ"
"ဖန်ရှင်း!!"

"အေးလေ အိပေါ်ကလဲ မင်းတို့ကားကလဲ ငါတို့နဲ့မလှမ်းမကမ်းမှာပဲပါလာမှာပါ စိတ်မပူနဲ့ဟုတ်ပြီလား"

ဆေးရုံရှေ့ရောက်တော့ တော်တော်များများရောက်နေကြတာမို့ ရှောင်းကျန့်လဲအထုတ်အပိုးတွေချကာ ခပ်မြန်မြန်ပဲဆင်းလိုက်ကာ ကားတံခါးပိတ်မယ်အလုပ်...
"ကျန့်ကျန့် ခဏ!"
"ဘာဖြစ်လို့လဲ"

"ရော့ ကားပေါ်မှာစားဖို့ယူသွား မင်းအတွက်ဝယ်ထားတာ"
"ဝှါး အများကြီးပဲ ကျေးဇူးနော် အိပေါ်! ဖန်ရှင်း ကားကိုဖြေးဖြေးမောင်းနော် Yanကော စိတ်ချမယ်နော်"

"စိတ်ချပါဒေါက်တာရှောင်းရဲ့"

"သွားပြီ"

ရှောင်းကျန့် စုရပ်ဆီရောက်တော့ မိန်မိန်တို့ ဒေါက်တာရှင်းတို့ကအနားကိုပြေးလာကာ...

"ဆရာရှောင်း လက်ထဲမှာမုန့်တွေအများကြီးပဲ မိန်မိန်တို့အတွက်လား"
"အယ် ယူစားလို့ရပါတယ်"
"ဟုတ် မိန်မိန်တို့အထုတ်တွေကားပေါ်သွားတင်အုံးမယ်နော်"

မိန်မိန်တို့ထွက်သွားတော့ ရိထျန်ကအနားထပ်ရောက်လာပြန်သည်...

"ရှောင်းကျန့်ကော ခုနကရိပေါ်တို့လိုက်ပို့တာလား"
"အင်းဟုတ်တယ်ရိထျန်"
"လက်ထဲက မုန့်တွေကရိပေါ်ဝယ်ပေးလိုက်တာလား"
"အင်း ကားပေါ်မှာစားရအောင်လို့တဲ့"
"ဪ ကောလက်ထဲမှာလဲကိုင်ထားတာများနေပြီ ပေးကျွန်တော်ဝိုင်းသယ်ပေးမယ်"
"ရပါတယ်ရိထျန်ရဲ့"
"ပေးပါ ကျွန်တော့်အထုတ်တွေက ကားပေါ်ရောက်နေပြီ အားနာရင် လက်ထဲကမုန့်ထုပ်ကြီးပေးထား ကားပေါ်ရောက်မှပြန်ယူတော့"
"အင်း အင်း"

သူငယ်ချင်းIdol💚❤️Nơi câu chuyện tồn tại. Hãy khám phá bây giờ