"ဘာလဲ ရှောင်းကျန့်ကောက ကျွန်တော့်ကိုစိတ်ဆိုးနေတုန်းလား နောက်ဆုံးတစ်ခေါက်ထဲက တောင်းပန်ပြီးပြီလေ"
"ရိထျန်... မင်းကိုငါစိတ်မဆိုးပါဘူး ဒါပေမဲ့ ဒေါက်တာချောင်နဲ့ပတ်သတ်တဲ့သူတွေနဲ့ ငါပြန်မပတ်သတ်ချင်တော့ဘူး အခုထိတောင် ဒေါက်တာချောင်က ငါ့ကိုလိုက်တိုက်ခိုက်နေတုန်းပဲ"
"အဲတုန်းကဖြစ်ခဲ့တာတွေအတွက် ကျွန်တော်လည်းနောင်တရနေပါပီ အဲဒါကြောင့် ရှောင်းကျန့်ကောရှိတဲ့နေရာကို မရရအောင် ပြောင်းလာပြီး သေချာတောင်းပန်ချင်တာပါ""ကဲပါ ထားလိုက်ပါတော့ ပြီးခဲ့တာတွေလည်းပြီးသွားပြီပဲ အရင်လို ဒေါက်တာချောင်ပြုသမျှခံနေမဲ့သူလဲမဟုတ်တော့ပါဘူး"
"ဒါဆို ကျွန်တော်တို့ရင်းရင်းနှီးနှီးနေကြမယ်နော် ရှောင်းကျန့်ကောကကျွန်တော့ထက် ပေကျင်းဆေးရုံအရင်ရောက်တာဆိုတော့ စီနီယာကြီးပေါ့ ဟောဒိက ဂျူနီယာလေးကိုဂရုစိုက်ပေးပါခင်ဗျာ"
ရိထျန်ကခါးလေးကိုင်းပြီးပြောတဲ့ပုံကိုကြည့်ပြီး ရှောင်းကျန့်အသံထွက်ရယ်မိတယ်....
"ဟားဟား မင်းကမထင်ရဘူး နောက်တတ်သားပဲ"
"ရှောင်းကျန့်ကောကပြုံးရင်အရမ်းလှတာပဲ နောက်ဆို များများပြုံးအောင်လုပ်ပေးမယ်"
"အဟမ်း ငါအိပ်တော့မယ် မနက်ကျရင် ဆေးရုံကိုမင်းဘာမင်းသွားနော် ငါကဆေးရုံကို တစ်ပတ်မှာ ၃ရက်မဆင်းဘူး"
"အန် ဘာဖြစ်လို့လဲရှောင်းကျန့်ကော"
"တစ်စုံတစ်ယောက်ရဲ့ personal doctor လုပ်ပေးနေရလို့"
"ဪ ဟုတ်ကဲ့ပါ"ရှောင်းကျန့်လဲပြောစရာရှိတာပြောပြီး ကုတင်ပေါ်တက်ကာ အိပ်နေပေမဲ့ အရင်တုန်းကအကြောင်းတွေက အတွေးထဲဝင်ရောက်လာပြန်တယ်.....
ရှောင်းကျန့်က ဆေးကျောင်းကို ကိုယ့်ထက်နှစ်နှစ်လောက်ငယ်တဲ့ကလေးတွေနဲ့အတူတူစတက်ရပြီး ဒေါက်တာချောင်နဲ့ ရိထျန်ရော သူနဲ့အခန်းတူတယ်၊ ဒေါက်တာချောင့်နာမည်အပြည့်အစုံက ချောင်ကွမ်း......
အဲတုန်းက ချောင်ကွမ်းက ကျောင်းလူမိုက် စာတော်သလို အားနည်းတဲ့ကျောင်းသားတွေဆို အဖွဲ့လိုက်အနိုင်ကျင့်တာ အနိုင်ကျင့်ခံရတဲ့အထဲမှာ ရှောင်းကျန့်လဲအပါအဝင်ပေါ့၊ ရိထျန်ကတော့ ချောင်ကွမ်းရဲ့အရင်းနှီးဆုံးသူငယ်ချင်း။
![](https://img.wattpad.com/cover/247218337-288-k892976.jpg)
BẠN ĐANG ĐỌC
သူငယ်ချင်းIdol💚❤️