"ချောင်ကွမ်း? ချောင်ကွမ်းကဘယ်သူလဲရှောင်း အခုတင်ထားတာတွေက မဟုတ်ဘူးမလား"
"ဒါတွေကငါဆေးကျောင်းတက်တုန်းကပုံတွေ ချောင်ကွမ်းဆိုတာက ကျောင်းမှာငါ့ကိုအနိုင်ကျင့်ခဲ့တဲ့သူပဲ"
"သူက ဘာရည်ရွယ်ချက်နဲ့အခုလိုလုပ်ရတာလဲ"
"အဲဒါတော့ငါလဲသေချာမသိဘူးကျန်းချန် ဆေးရုံမှာပြန်တွေ့တာလဲကြာပြီ မနေ့ကတောင်ကော်ဖီတိုက်သေးတယ်""သူဆိုတာသေချာရင် အခုပဲတိုက်ရိုက်သွားရှင်းကြမယ်ရှောင်းကျန့်"
"နေအုံးယွီပင်း အခုအကောင့်ကအတုကြီးဆိုတော့ ချောင်ကွမ်းဆိုပြီးစွပ်စွဲလို့မရသေးဘူး ရှောင်းအတွက် သက်သေလိုတယ် အဓိကက ဒီပုံတွေနဲ့ စွပ်စွဲချက်တွေကအမှန်တွေမဟုတ်ဘူးမလားရှောင်း""ပုံထဲကငါဖက်နေတဲ့သူက ရိထျန် ငါတို့ဆေးရုံကပဲ သူကချောင်ကွမ်းနဲ့သူငယ်ချင်း အဲတုန်းက ကျောင်းအိမ်သာကအထွက် တစ်ယောက်ကခြေထိုးခံလိုက်လို့ ရိထျန်ကိုလှမ်းဆွဲမိသွားတာ ပြီးတော့ တခြားကျောင်းသားတွေကိုထိုးနေတာလဲ ငါ့ကိုအရင်သူတို့ကအနိုင်ကျင့်တာကွာ မခံနိုင်တဲ့အဆုံး နှစ်ချက်သုံးချက်ပြန်ထိုးမိတာ မင်းတို့ပုံတွေသေချာပြန်ကြည့်ကြည့် သူများကိုထိုးနေတဲ့ငါ့မျက်နှာမှာ ဒဏ်ရာတွေကြီးပဲလေ"
"ဟုတ်တယ် ရှောင်းပြောပုံအရဆို ရှောင်းကိုသက်သက်မဲ့အရှက်ကွဲစေချင်လို့ ရည်ရွယ်ချက်ရှိရှိလုပ်တာပဲ ဘယ်သူများဖြစ်နိုင်သေးလဲ ပြီးတော့ ရှောင်းဘာဆက်လုပ်မှာလဲ""ငါ့ကိုအနိုင်ကျင့်ပြီးအရှက်ခွဲဖူးတာ ချောင်ကွမ်းပဲရှိမယ် တခြားသူငါစဉ်းစားလို့မရသေးဘူး ပြီးတော့ ရိပေါ်... ငါ့ကြောင့်သူအပြောအဆိုခံရတော့မယ်"
"ဝမ်ရိပေါ်က မင်းငါတို့ကိုပြောဖူးတဲ့ အိပေါ်ဆိုတဲ့ကလေးလား"
"အင်း အခုလဲသူနဲ့တစ်အိမ်ထဲနေနေတာ"
"ငါတို့ကမင်းကိုယုံပေမဲ့ ရိပေါ်ရဲ့ဖန်တွေကယုံပါမလား တကယ်ဆိုမင်းအတွက်အန္တရာယ်ရှိတာနော်""အင်း ငါကသာမန်လူပါကွာ ရိပေါ်သာ..."
"ရှောင်း အဲလိုမတွေးနဲ့ သာမန်လူလဲခံစားချက်ရှိတယ် မဟုတ်တာပြောရင်ဖြေရှင်းရမယ် ဒီကိစ္စကရှောင်းဘဝနဲ့သက်ဆိုင်တယ်လေ ကျွန်တော်မှာ နည်းပညာအကူအညီယူလို့ရတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ် သူကိုဆက်သွယ်ကြည့်ပြီး ခုနအကောင့်ကိုစုံစမ်းခိုင်းထားမယ် ရှောင်းဘာမှစိတ်မပူနဲ့သိလား"
BẠN ĐANG ĐỌC
သူငယ်ချင်းIdol💚❤️