လမ်းမှာခရီးတစ်ထောက်နားတဲ့နေရာရောက်တော့ ရိပေါ်လဲ mask အုပ်ကာကားပေါ်မှဆင်းတုန်း ဆရာဝန်တွေစီးလာတဲ့ကားတွေကလဲ ထိုနေရာကိုရောက်လာကြသည်...
"အစ်ကိုလေး ဒေါက်တာရှောင်းတို့လဲရောက်လာပြီထင်တယ်"
mini bus ၂စီးစာဖြစ်လို့ ကားပေါ်မှအလျှိုလျှိုဆင်းဆင်းလာကြတဲ့လူတွေကြားထဲ ရှောင်းကျန့်ကိုရှာပေမဲ့လူကြားထဲမတွေ့ရသေး...နောက်ဆုံးမှာမှ လူတစ်ယောက်နဲ့ရယ်မောပြီးအတူတူဆင်းလာသည်...၊ ဘေးကလူကရိထျန်လဲမဟုတ်သလို ပေကျင်းဆေးရုံမှာလဲတစ်ခါမှမတွေ့ဖူးပေ။
ကြည့်နေရင်း ရှောင်းကျန့်တို့နားကို နောက်ထပ်နှစ်ယောက်ပါထပ်ရောက်လာပြန်တယ်...ရိပေါ်ကြည့်သမျှတော့မျက်နှာစိမ်းတွေကြီးပဲ။"အစ်ကိုလေး ဒေါက်တာရှောင်းကိုသွားခေါ်ပေးရမလား"
"နေပစေထားလိုက်ဖန်ရှင်း အထဲဝင်ကြမယ်"
"ဟုတ်"စားသောက်ဆိုင်ကအကျယ်ကြီးဖြစ်တဲ့အပြင် ဆေးဘက်ကလူတွေကတခြမ်း အနုပညာရှင်တွေကတစ်ခြမ်းပေးထားတာမို့ ကိုယ့်အစုနဲ့ကိုဖြစ်နေကြပြီး ရှောင်းကျန့်ကလဲ အစကမိန်မိန်တို့နဲ့ပေါင်းထိုင်ဖို့စဉ်းစားပေမဲ့ သူတို့ကမိန်းကလေးတွေချည်းဖြစ်နေသလို ရိထျန်ကလဲချောင်ကွမ်းတို့နဲ့ထိုင်နေတာမို့ နောက်ဆုံးကျန်းချန်တို့နဲ့ပဲအတူတူဝင်ထိုင်လိုက်တော့သည်...
ဆိုင်ထဲရောက်ရောက်ချင်းတစ်ဖက်ခြမ်းမှာ ရိပေါ်ကိုရှာပေမဲ့မတွေ့တာမို့ ဖုန်းဆက်ရင်ကောင်းမလားစဉ်းစားပေမဲ့ တခြားသူတွေရှိနေတာကြောင့် ရိပေါ်အနှောင့်အယှက်ဖြစ်မှာလဲစိုးသေးသည်။"ရှောင်းကျန့် စားလေ ဘာတွေငေးနေတာလဲ ဘာလဲ ဟိုဘက်မှာ မင်း ကြိုက်တဲ့ သရုပ်ဆောင်ပါလို့လား"
"အမ် အဲလိုမဟုတ်ပါဘူးယွီပင်းရ ငါ toilet သွားအုံးမယ်နော်"
"ကျွန်တော်လိုက်ခဲ့ပေးရမလား ရှောင်း"
"ရတယ်အဲလစ် တစ်ယောက်ထဲအဆင်ပြေပါတယ်"ရှောင်းကျန့်လဲ toilet ဘက်ထွက်လာတော့ ဖန်ရှင်းတို့ ရိပေါ်တို့ကိုတွေ့တာမို့ ပျော်ပျော်ကြီးအနားသွားဖို့လုပ်ပေမဲ့ ရိပေါ်ကတခြားအနုပညာရှင်တစ်ယောက်နဲ့စကားပြောနေတာမို့ အသာလေးရပ်စောင့်နေရသည်...
YOU ARE READING
သူငယ်ချင်းIdol💚❤️