34

6.8K 537 14
                                    

ရိထျန်က သူ့အနားကိုချဉ်းကပ်လာတဲ့လူကိုတွေ့လိုက်တာမို့ ဓါးကိုရှောင်းကျန့်ဆီစိုက်ဖို့အပြင် အနားရောက်နေတဲ့ရှီးချန်က လျင်မြန်စွာ ရိထျန်ရဲ့လက်ကိုလှမ်းဆွဲလိုက်သလို ကျန်တဲ့ အဲလစ်တို့သုံးယောက်လုံးကလဲ ရိထျန်ကိုဝိုင်းချုပ်ကြတော့သည်....
ရိထျန်လက်ထဲကလွှတ်သွားတဲ့ရှောင်းကျန့်ဟာ ပျော့ခွေကျသွားတာကြောင့် ရိပေါ်လျင်လျင်မြန်မြန်ပဲဖမ်းဆွဲထားကာ...

"ကျန့်ကျန့် ကျန့်ကျန့် သတိထားပါအုံး"

"ရိပေါ် ကျန့်ကျန့်ကိုဆေးရုံပို့ရမယ်"

အဲလစ်ရဲ့စကားကြောင့် ရိပေါ် ရှောင်းကျန့်ကိုကုန်းပိုးကာ လှေကားမှဆင်းဖို့အပြင်...

"ရိပေါ်....ဘာလို့ကတိမတည်ရတာလဲ? ကျေးဇူးပြုပြီး ရိပေါ်အနားမှာနေခွင့်ပေးပါ ကျွန်တော့လောက်ရိပေါ်အပေါ်ကောင်းနိုင်မဲ့သူရှိမှာမဟုတ်ဘူးနော်"

နောက်ကျောကရိထျန်ရဲ့စကားတွေကို လျစ်လျူရှူလို့ ရှောင်းကျန့်ကိုဆေးရုံအမှီပို့နိုင်ဖို့ ရိပေါ် လှေကားတွေကနေကားရှိရာဆီအမြန်ဆင်းပြေးသည်...၊

"ရိပေါ်!!! မသွားပါနဲ့ ငါ့ကိုလွှတ်ကြစမ်း"

ရှီးချန်ကပါလာတဲ့လက်ထိပ်နဲ့ ရိထျန်ကိုလက်နောက်ပစ်ကာ ချုပ်ထားလိုက်တာမို့ ရိထျန်ကတော့ အော်ဟစ်သောင်းကျန်းနေသည်...

"ဒါဆို သူ့ကိုရှီးချန်ကောလက်ထဲထည့်ခဲ့မယ် ကျန်းချန် မင်းရှီးချန်နဲ့လိုက်သွားလိုက် ငါနဲ့ယွီပင်းက ရိပေါ်နောက်လိုက်သွားမယ်"

အဲလစ်နဲ့ယွီပင်း ရိပေါ်နောက်အမြန်လိုက်တော့ အောက်မှာ ဖန်ရှင်းတို့က ရဲကားရော ဆေးရုံကားရောခေါ်လာတာမို့ ရိပေါ်ကရှောင်းကျန့်ကို ဆေးရုံကားပေါ်တင်ပေးနေတာတွေ့ရသည်...
အဲလစ်တို့လဲ ဖန်ရှင်းကို ကျန်းချန်တို့ဆင်းလာပြီဖြစ်ကြောင်းပြောပြီး ဆေးရုံကားပေါ်ကိုရိပေါ်နဲ့အတူတူလိုက်တက်ခဲ့ကြတယ်....
ရဲကားတွေရော ဆေးရုံကားတွေရော အသံတွေကပတ်ဝန်းကျင်မှာဆူညံနေတာမို့ လူတွေထွက်ကြည့်နေကြပြီး တိုက်ပေါ်ကနေ လူတစ်ယောက်ကို ကုန်းပိုးပြီးပြေးဆင်းလာတဲ့ ဝမ်ရိပေါ်ကြောင့် ပိုလို့ပင် စိတ်ဝင်တစားရှိနေကြသည်။

သူငယ်ချင်းIdol💚❤️Место, где живут истории. Откройте их для себя