36

7.3K 572 17
                                    

ရှောင်းကျန့်ရှိတဲ့ဆေးရုံကို မိုးလင်းပြီဆိုတာနဲ့ လိုအပ်တာတွေယူလာပြီး ရိပေါ်တို့ရောက်လာကြသည်...
ရှောင်းကျန့်ရှိတဲ့အခန်းကိုလာရာလမ်းမှာ ဖန်ရှင်းက ရုပ်ဖျက်ထားတဲ့ရိပေါ်နားကပ်ကာ...

"အစ်ကိုလေး နေ့လည်ကျရင် xxx brand အတွက်ကြော်ငြာအသစ်ရိုက်ပေးရမယ် အဲကပြီးရင် ပွဲတစ်ခုတက်ရမယ် ပြီးတော့...."
"ဖန်ရှင်း! မင်းငါ့နောက်လိုက်တာဘယ်နှစ်နှစ်ရှိပြီလဲ"

"ဗျာ ဟို ၅နှစ် ၆နှစ်လောက်ရှိပြီထင်တယ်"
"အဲလောက်နှစ်အကြာကြီးရှိနေပြီ ငါဘာဖြစ်ချင်လဲမသိသေးဘူးလား"

"ဟို..."
"ရှိသမျှ schedule တွေကို ကျန့်ကျန့်နေပြန်မကောင်းမချင်းအကုန်ရပ်မယ်"
"ဟင် မရဘူးလေ ရိုက်လက်စကားတွေရှိသေးတယ် ဒေါက်တာရှောင်းအတွက်စိတ်မပူပါနဲ့ ကျွန်တော်လည်းရှိတယ် သူ့သူငယ်ချင်းတွေလဲရှိတယ် အစ်ကိုလေးအလုပ်ပဲဖြောင့်ဖြောင့်လုပ်ပါနော်"

ဒီတခါတော့ ရိပေါ်လမ်းလျှောက်နေရာမှရပ်ပြီး ဖန်ရှင်းဘက်လှည့်ကာ...
"ဖန်ရှင်း မင်းကငါဘာဖြစ်နေလဲတကယ်မသိဘူးပဲ ထားတော့ ငါကကျန့်ကျန့်နေပြန်ကောင်းမှအလုပ်ပြန်လုပ်နိုင်မယ် ကျန်တာမင်းဘာမင်းကြည့်ရှင်း တကယ်ပါပဲ လူအရိပ်အကဲမကြည့်တတ်လိုက်တာ တစ်သက်လုံး FA ဖြစ်မဲ့ကောင်"

ဖန်ရှင်းကိုပြောပြီး ရိပေါ်က အခန်းတစ်ခုထဲဝင်သွားသည်...နောက်မှာနင်ပြီးကျန်ခဲ့တာက ဖန်ရှင်း...

"ငါကသူ့မန်နေဂျာလေ အလုပ်ကိစ္စတော့နဲနဲပါးပါးပြောရမှာပေါ့ လိုင်းပေါ်တက်သမျှတွေလဲလိုက်ရှင်းရအုံးမယ် တခြား လုပ်ငန်းရှင်တွေနဲ့လဲစကားပြောရအုံးမယ် အဲဒါကို ငါ့ကို FA ဖြစ်မဲ့ကောင်တဲ့ ဟင်း...ဒေါက်တာရှောင်းပြန်နိုးလာပြီးအနိုင်ကျင့်ခံရတော့မှ ဖန်ရှင်းကယ်ပါလာမလုပ်နဲ့"

ဖန်ရှင်းတစ်ယောက် လက်သီးလက်မောင်းတန်းလို့ကြွေးကြော်ပြီး အရှုပ်ထုတ်တွေရှင်းရန် လာရာလမ်းအတိုင်းပြန်သွားရလေသည်...။ ရိပေါ်နားမှာ yan ge ကိုထားခဲ့ဖို့တော့သူမမေ့။

ရိပေါ် အခန်းထဲဝင်လာတော့ ဆေးပိုက်တွေတန်းလန်းနဲ့ကုတင်ပေါ်မှာနှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ ရှောင်းကျန့်နားမှာထိုင်ကာ နဖူးပြင်ကဆံပင်လေးတွေကိုဖယ်ရှားပေးပြီး ပါးနုနုလေးကို သူ့လက်ဖဝါးနဲ့ကိုင်ကာ ပွတ်သတ်ပေးနေတုန်း ရှောင်းကျန့်ရဲ့မျက်တောင်စတွေ လှုပ်ခတ်လာတာတွေ့ရသည်....

သူငယ်ချင်းIdol💚❤️Where stories live. Discover now