"အစ်ကိုလေး ဒီနေ့ schedule က အခုမနက်စာစားပြီးရင် photo shooting တစ်ခုရှိတယ်၊ အဲကနေ ရိုက်လက်စ ကားရဲ့ရိုက်ကွင်းသွားရမယ်၊ ပြီးရင် မတတ်နိုင်တဲ့ကလေးတွေအတွက် ပရဟိတအနေနဲ့ဖွင့်ထားတဲ့ dance school မှာ အကသွားသင်ပေးရမယ် ဒီနေ့အတွက်တော့အဲဒါပါပဲ"
ပေကျင်းမြို့ရဲ့ နာမည်ကြီး 5 star hotel တစ်ခုဖြစ်တဲ့ ' Hotel Eclat Beijing ' ရဲ့ VIP room ထဲမှာ မနက်စာစားနေတဲ့ ဝမ်ရိပေါ် ဆိုတဲ့နာမည်ကြီးအနုပညာရှင်ဖြစ်သူကို မန်နေဂျာဖြစ်သူ ဖန်ရှင်းမှ schedule တွေရှင်းပြနေခြင်းဖြစ်တယ်...။
လွန်ခဲ့တဲ့ တစ်နှစ်ကမှ ကိုရီးယားကနေ တရုတ်နိုင်ငံကိုပြန်လာသော UNIQ အဖွဲ့ဝင် ၂၁နှစ်အရွယ် နှုတ်ခမ်းနီမလေးတွေအသဲစွဲ ဝမ်ရိပေါ်ဟာ အဆိုပိုင်းတင်မဟုတ်ပဲ အကပိုင်းမှာပါထူးချွန်လွန်းလှသည်...၊ စကားနည်းပြီး အမြဲရုပ်တည်တည်နေတတ်လို့ ချေတယ်လို့ပြောကြပေမဲ့ ထို ချေတာကိုပဲ ချစ်ကြတဲ့သူတွေကပိုများပါတယ်...၊
အားကစားပိုင်းမှာဆိုလဲ ဘတ်စကတ်ဘောကစားခြင်း၊ စကိတ်စီးခြင်းအပြင် ဆိုင်ကယ်ကိုကျွမ်းကျွမ်းကျင်ကျင်စီးတတ်ပြီး ပြိုင်ပွဲတွေလဲဝင်ရောက်ယှဉ်ပြိုင်လေ့ရှိတတ်တယ်...။"အင်း ကောင်းပြီ"
"ဟို ပြီးတော့ အစ်ကိုလေးအမေက ဖုန်းဆက်ပါအုံးတဲ့"
"ငါမအားဘူးလို့မပြောလိုက်ဘူးလား"
"ပြောထားပါတယ် အားမှဆက်ပါတဲ့"
"အင်း သိပြီ ခဏနေ ရှူတင်သွားမယ်"
"ဟုတ်"ရိပေါ် အိမ်ကိုဖုန်းမဆက်တာ ကိုရီးယားကိုကျောင်းသွားတက်ကတည်းကပဲ...ကျောင်းတက်ရင်း training တွေဆင်းကာ ယခုလိုဝမ်ရိပေါ်ဆိုတဲ့ အနုပညာရှင်ဖြစ်လာဖို့ မနားမနေကြိုးစားခဲ့ရတာ... အိမ်ကစထွက်ကတည်းက ဘယ်သူနဲ့မှအဆက်အသွယ်မလုပ်ဖြစ်အောင်နေတယ် နှုတ်မဆက်ပဲထွက်သွားတဲ့တစ်ယောက်ကို စိတ်နာတာလဲပါတာပေါ့။ 😏😏😏
........................
photo shooting ပြီးတာနဲ့ ရိုက်လက်စရိုက်ကွင်းကိုသွားရတယ်...နန်းတွင်းကာရိုက်တာမို့လို့ အဝတ်အစားတွေလဲပြီး ကိုယ့်အလှည့်မရောက်သေးလို့ ထိုင်နေတုန်း...ဒါရိုက်တာကြီးက အနားရောက်လာကာ...
"မင်းသား ခုနောက်ပိုင်းရိုက်ရမဲ့အခန်းတွေက အက်ရှင်ခန်းတွေများတယ် အထိအခိုက်နဲနဲတော့ရှိမယ် လူစားလဲချင်လား ကိုယ်တိုင်ပဲရိုက်မလား"
"ကိုယ်တိုင်ပဲရိုက်မယ် ကျွန်တော်လူစားမလဲချင်ဘူး ဒါရိုက်တာကြီး"
"အင်းပါ မင်းသားကစွန့်စားရတာကြိုက်တယ်ဆိုတာသိပြီးသား ဒါပေမဲ့ မင်းသားတစ်ခုခုဖြစ်သွားမှာဆိုးတယ်"
"ဒီဇာတ်ညွှန်းကိုစကြည့်ကတည်းက အက်ရှင်ခန်းတွေပါတာကျွန်တော်သိပါတယ် အဲကတည်းက လူစားမထိုးဘူးလို့ဆုံးဖြတ်ထားလို့ ဒါရိုက်တာကြီးစိတ်ချပါ"
"ဟုတ်ပါပြီ ဆက်တင်သမားတွေကိုလည်း သေချာလုပ်ဖို့ပြောထားမယ်ဟုတ်ပြီလား ဒါဆိုခဏနေ စမယ်နော်"
"ဟုတ်"
YOU ARE READING
သူငယ်ချင်းIdol💚❤️