37

7.1K 529 5
                                    

မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ ရိပေါ်ဖြတ်ခနဲနိုးလာပြီး ဘေးကရှောင်းကျန့်ကိုကြည့်တော့လည်းအိပ်ပျော်နေတုန်းပင်...ရှောင်းကျန့်ခေါင်းအောက်မှာ လျှိုထားတဲ့သူ့လက်ကိုအသာလေးဆွဲထုတ်ပြီး ကုတင်ပေါ်မှဆင်းဖို့အပြင်...

"အမလေး! လန့်လိုက်တာဗျာ"

အိပ်ရာထခါစက ဧည့်သည်တွေထိုင်ခုံဘက်ကျောပေးထားတာမို့လူရှိမှန်းမသိခဲ့...လူကလှည့်လိုက်တော့မှ ဟန်ကျိုးကရောက်လာတဲ့ အမေနှစ်ယောက် အပြင် ဖန်ရှင်းရယ် yan ge ရယ် ငုတ်တုတ်ကြီးထိုင်ကြည့်နေကြတာကိုတွေ့ရသည်...၊

"ရောက်နေကြရင်လဲ အသံလေးဘာလေးပေးကြပါလား"
"မားတို့ကရောက်နေတာကြာပြီဝမ်လေးရဲ့ နှစ်ယောက်လုံးနှစ်နှစ်ခြိုက်ခြိုက် တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး အိပ်ပျော်နေလို့လေ"

ဝမ်မားအပြောကြောင့် ရိပေါ်နားရွက်လေးတွေရဲလို့သွားတယ်...
"အဟမ်း ဖန်ရှင်းကလဲ မားတို့ကိုကွန်ဒိုခေါ်သွားတာမဟုတ်ဘူး"

"ကျွန်တော်က အစ်ကိုလေးအလုပ်တွေလိုက်လုပ်နေပေးရတယ်လေ အန်တီတို့ဖုန်းဆက်မှဒီရောက်နေမှန်းသိတာ သိသိချင်းပြေးလာတာပဲ"

"ရှောင်းမာမား ခရီးဝေးကလာရတာ ပင်ပန်းနေပြီလား"
"မပင်ပန်းပါဘူးသားရယ် ကျန့်ကျန့်ကိုတွေ့ချင်လို့ဒီကိုပဲတန်းလာခဲ့တာ"
"စိတ်ပူစရာမလိုတော့ပါဘူးမားရဲ့ အခြေအနေအားလုံးကောင်းသွားပြီ ဟို ကျွန်တော် ရှောင်းမာမားနဲ့နှစ်ယောက်ထဲစကားပြောချင်လို့ ကျန်တဲ့လူတွေခဏလောက်အပြင်ထွက်ပေးပါလား"

"အမလေး အခုတော့ဒီအမေကိုနှင်ထုတ်ပြီပေါ့ တကတည်း နှစ်ယောက်သားဖက်အိပ်နေတုန်း သတင်းခေါင်းစဉ်ထဲပါမသွားအောင် ဒီကစောင့်ကြည့်ပေးထားတာကို ဒင်းကနှင်ထုတ်ပြီပေါ့ မပြောချင်ဘူးအေ...ရှောင်းကျဲ ကျန့်ကျန့်နိုးလာရင်စားဖို့တခုခုသွားဝယ်အုံးမယ် ကျွန်မသား ဘာပြောပြောလက်မခံနဲ့နော်"

"မား!!!"

ဝမ်မားကတော့ ရိပေါ်ကိုဂရုမစိုက်စွာ ဖန်ရှင်းတို့ကိုခေါ်၍အပြင်ထွက်သွားလေပြီ။

သူငယ်ချင်းIdol💚❤️Nơi câu chuyện tồn tại. Hãy khám phá bây giờ