Saudade-18[Z×U]

1K 120 17
                                    

ဒီနေ့နဲ့ဆိုရင် JongIn ကို မမြင်ရတာ ၃ ရက်တောင်ရှိခဲ့ပြီပင် ... တစ်ခုခုများ ဖြစ်နေတာလားဆိုပြီး Ravi ကိုမေးချင်ပေမယ့်လဲ ဒီရက်ပိုင်းတွေမှာ Ravi က အလုပ်ရှုပ်နေတဲ့ပုံ
ပေါက်နေတာကြောင့် မမေးမိတော့...

မနက်စာ စားပြီးကတည်းက ပျင်းနေတာနဲ့ အခန်းကိုသန့်ရှင်းရေးလုပ် ၊ ခြံထဲဆင်းကာ ပန်းပင်တွေကို ရေလောင်းနေလိုက်သည်။

အိမ်မှာရှိတဲ့သူတွေကတော့ သူ့ကိုမလုပ်ခိုင်းပေမယ့် အတင်းတောင်းဆိုပြီးတော့ လုပ်နေခဲ့တာ။
ရေလောင်းပြီးတော့လဲ ငြိမ်ငြိမ်နေရမှာ ပျင်းတာမို့လို့ မီးဖိုချောင်ထဲဝင်ကာ ဟိုဟိုဒီဒီစပ်စုနေလိုက်သည်။

အလုပ်တွေအကုန်လုပ်ပြီးလို့ နေ့လယ်ရောက်တဲ့ အချိန်ထိတောင် ပျင်းနေသေးတယ်။ အဲ့တာကြောင့် အပြင်လေးခဏထွက်ချင်လို့ လမ်းထိပ်က စတိုးဆိုင်လေးကို သွားဖို့အတွက် Ravi ဆီကို အရင်ခွင့်တောင်းလိုက်သည်။

Ravi က အေးအေးဆေးဆေးသွားပါ ဆိုပြီးပြောလာတာကြောင့် စတိုးဆိုင်ကိုသွားပြီးတာနဲ့ အနီးနားမှာရှိတဲ့ ပန်းခြံလေးမှာ ခဏနေဦးမယ်လို့ KyungSoo တွေးလိုက်သည်။

စတိုးဆိုင်ကနေ ချောကလက် ရေခဲမု့န်လေးနဲ့ စတော်ဘယ်ရီဒိန်ချဉ် ရေခဲချောင်းလေးဝယ်ခဲ့ပြီး
ပန်းခြံသို့သွားရာလမ်းလေးဆီကို KyungSoo လျှောက်လှမ်းခဲ့သည်။

အရှိန်ပြင်းပြင်းနဲ့ လာနေတဲ့ ကားတစ်စီးကြောင့် KyunSoo ခြေထောက်တွေဟာ ကြောက်ရွံ့စွာနဲ့ အလိုလို လမ်းဘေးကို ကပ်လျက်သား  ... ထိုကားက သူ့ကိုကျော်သွားတော့မှ သက်ပြင်းလေးချလိုက်မိသည်။

တီ ဟူသော ဟွန်းသံကြောင့် KyungSoo ရဲ့ ခန္ဓာကိုယ်လေးက ဆက်ကနဲတုန်သွား၏။
ရုတ်တရက်ကြီးမို့လို့ လန့်သွားတာကြောင့်။

အနောက်ကိုလှည့်ကြည့်မိတော့ မထင်ထားတဲ့သူမို့လို့ KyungSoo ရဲ့ နှုတ်ခမ်းလေးတွေက ပွင့်ဟသွားတယ်။

"JongIn "

KyungSoo က အမြန်ပဲ ကားဆီကို ပြေးသွားလိုက်သည်။ မတွေ့ရတာကြာပြီဖြစ်တဲ့ JongIn ကို သူအရမ်းလွမ်းနေခဲ့တာ

"JongIn က ဘယ်လိုလုပ်ပြီး "

"ဘာလို့အပြင်ထွက်နေတာလဲ အိမ်ထဲမှာပဲနေတာမဟုတ်ဘူး "

Saudade [Z×U] CompleteWhere stories live. Discover now