"CEO စုံစမ်းခိုင်းထားတာ မရခဲ့ပါဘူး ... ထူးဆန်းတာက သူနဲ့ပတ်သတ်ပြီး ဘာတစ်ခုမှ မေးလို့မရတာ"
လက်သီးကို ဆုပ်ရင်း စားပွဲကို ဒုန်းကနဲထုလိုက်မိသည်။
"ကြည့်ရတာ တစ်ခုခုဖြစ်ခဲ့ပုံရတယ်ထင်တယ်..
ပြီးတော့ အဲ့နောက်ကွယ်မှာ အကြီးပိုင်းထဲက တစ်ယောက်ယောက်ရှိမယ်လို့ ကျွန်တော်ထင်တယ် "James ရဲ့စကားကြောင့် JongIn ရဲ့ မျက်ခုံးတွေ တွန့်ချိုးသွားသည်။ ဘာအကြောင်းမို့လို့ ဒီလောက်ထိစုံစမ်းရခက်နေတာလဲဆိုတာ သူသိချင်သည်။
သူ့လိုလူတောင် စုံစမ်းလို့မရပုံထောက်ရင်
သေချာပေါက်တစ်ခုခုရှိခဲ့သည်။ သို့ပေမယ့် ဒီအကြောင်းကို နှုတ်ပိတ်ထားပုံရတယ် ..."ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရအောင်စုံစမ်းခဲ့ ...
အချိန်ဘယ်လောက်ကြာကြာ ငွေဘယ်လောက်ကုန်ကုန် ငါသိရမှဖြစ်မယ် "တစ်ချက်လွှတ်အမိန့်ပေးပြီးနောက် ဆုံလည်ကုလားထိုင်မှာ ထိုင်၍ နောက်ကိုမှီလိုက်ပြီး မျက်လုံးတွေကို မှိတ်လိုက်သည်။
ဒါပေမယ့် ခါးထက်မှာ လက်တစ်ဆုပ်စာလေလာက်ရှိတဲ့ မီးလောင်ဒဏ်ရာကို သူ့မျက်လူံးထဲကနေ ထုတ်လို့မရ~
"မင်းကဘာလဲ KyungSoo "
×××
ညောင်းကိုက်နေတဲ့ ခြေထောက်နှစ်ဖက်လုံးကို ဆေးလိမ်းပြီးတော့ ကူလုပ်ပေးဖို့အတွက် KyungSoo အခန်းထဲကနေထွက်လာခဲ့သည်။
အလုပ်ကိုယ်စီကို အေးအေးဆေးဆေးနဲ့ တည်ငြိမ်စွာလုပ်နေကြတာကြောင့် Kyungsoo မှာ ဘယ်သူ့ကို ဘာမေးရမှန်းမသိတော့ ~
"ဟို ... ဦးလေးကြီး "
နောက်ဆုံးတော့ သူ့ကို JongIn ရဲ့အခန်ူးထဲကနေ ဆွဲထုတ်လာတဲ့ ဦးလေးတစ်ယောက်ဆီကို သွားလိုက်သည်။
"ဒီမှာ ကျွန်တော် ဘာလုပ်ပေးရမလဲ "
KyungSoo မေးသော်လည်း သူ့ကိုတစ်ချက်လေးသာ ကြည့်သွားတာကြောင့် အင်တင်တင်ဖြစ်သွားသည်။
"တစ်ခုခုပြောပြပါလား ... ကျွန်တော့် ဘာမှမလ်ုပဲ မနေတတ်လို့"
YOU ARE READING
Saudade [Z×U] Complete
Fanfictionမင်းကိုစောင့်ရလို့ တစ်ခါလေးတောင် မငြီးငွေ့ခဲ့ဖူးဘူးဆိုတာကို အကြိမ်ပေါင်းများစွာပြောခဲ့ဖူးပါရဲ့... မင်းကိုစောင့်ရလို့ တစ်ခါလေးတောင် မငြီးငွေ့ခဲ့ဖူးဘူးဆိုတာကို အကြိမ်ပေါင်းများစွာပြောခဲ့ဖူးပါရဲ့...