SAUDADE - 21 [Z×U]

966 104 13
                                    

"ဘာမှမစားရသေးဘူးမလား ... ဒါလေးဖြစ်ဖြစ်စားလိုက် "

Ravi ဝယ်လာတဲ့ ဆန်ပြုတ်ကို ကိုယ်တိုင်ကိုယ်ကျကျွေးနေတဲ့ JongIn ကိုမြင်ရင် သူများတွေ အံ့သြနေကြမည်ဆိုတာ သေချာပေါက်ပင်။

"ငါ မနေ့ကနည်းနည်းစားထားတယ် ...  မင်းက ဘာမှမစားရသေးဘူးမလား နည်းနည်းလောက်စားလိုက်ပါဦး "

"မနေ့ကစားထားတာလေ ဒီနေ့စားထားတာမှမဟုတ်တာ "

ပါးစပ်ထဲထိ အတင်းခွံကျွေးလာတဲ့ JongIn ကို သူလဲမလွန်ဆန်နိုင်တာမို့လို့  နည်းနည်းချင်းစီစားနေလိုက်သည်။

"JongIn လဲစားလေ "

ဒီတစ်ခါတော့ သူ့ကိုဘာမှပြန်မပြောတော့ပဲ စကားနားထောင်ပြီး ဆန်ပြုတ်အနည်းငယ်သောက်တာမို့လို့ KyungSoo အနည်းငယ်ကျေနပ်သွားရသည်။

"နေလို့မကောင်းတဲ့နေရာတွေမရှိဘူးမလား
ရှိရင်ချက်ချင်းပြောရမယ် "

ကလေးတစ်ယောက်ကို ဆူသလိုလို ငေါက်သလိုလိုမျိုးလေသံနဲ့ ပြောနေတာကြောင့် KyungSoo ခေါင်းလေးပဲညိမ့်၍သာနေလိုက်သည်။ Ravi ကိုကြည့်တော့လဲ JongIn ကို မျက်စပစ်ပြပြီးတော့  ပြုံးရုံသာပြုံးပြနေ၏။

"JongIn "

ရေသွားခတ်ဖို့ ထသွားတဲ့ JongIn လက်ကို KyungSoo က အမိအရလေးဆွဲထားလိုက်သည်။Ravi ကတော့ ကိစ္စရှိလို့ပြန်သွားတာမို့လို့ အခန်းထဲမှာ သူနဲ့ JongIn နဲ့ နှစ်ယောက်ထဲပဲရှိနေတာ။

"တောင်းပန်ပါတယ် အလုပ်ရှုပ်စေမိလို့ "

JongIn ရဲ့အကြည့်တွေကို မရင်ဆိုင်ရဲသေးတာမို့လို့ ခေါင်းလေးငုံ့ပြီး တောင်းပန်စကားဆိုလိုက်သည်။

"ဒီကိုကြည့်ပါဦး "

လက်နှစ်ဖက်ဖြင့် ခေါင်းလေးကိုဆွဲမော့လာတော့ KyungSoo လဲ JongIn ရဲ့မျက်ဝန်းတွေကိုပြန်ကြည့်မိလိုက်သည်။

"အခုကစပြီး နာကျင်ရရင်နာကျင်ရတယ် ၊ မကြိုက်ရင် မကြိုက်ဘူးဆိုတာကိုပြောလို့ရတယ် ... ဝမ်းနည်းရင်လဲ ရင်ဖွင့်လို့ရပြီးတော့ သဘောကျတာရှိရင်လဲ ပြောလို့ရတယ် .. ကျွန်တော်က အကုန်လုံးကို နားထောင်ပေးမှာမို့လို့ Hyung ခံစားရသမျှကိုပြောပြလို့ရတယ်  သိလား "

Saudade [Z×U] CompleteWhere stories live. Discover now