JongIn ခုနကတည်းက မျက်နှာမကောင်းတာကို သူသတိထားမိသည်။ လမ်းတစ်လျှောက်လုံး JongIn ရဲ့ အရိပ်အကဲကို ကြည့်လာခဲ့တာကြောင့် တစ်ခုခုဖြစ်နေတယ်ဆိုပြီး KyungSoo တွေးလိုက်မိသည်။
ကားဟာ အိမ်ရှေ့မှာရပ်သွားခဲ့တော့ KyungSoo မနေနိုင်စွာဖြင့် JongIn ဖက်ကိုလှည့်ရင်းမေးလိုက်၏။
"JongIn. .. တစ်ခုခုဖြစ်နေတာလား
မျက်နှာလည်းမကောင်းဘူး ... တစ်ခုခုဖြစ်ရင် ငါ့ကို ပြောပြလေ ""ဘာမှမဖြစ်ပါဘူး Hyung ရဲ့ ... နေသိပ်မကောင်းချင်သလိုဖြစ်ရုံပါပဲ "
JongIn က KyungSoo လက်ကလေးကို အသာဆုပ်ကိုင်ပြီးပြောလိုက်တော့ KyungSoo မှာ စိုးရိမ်တကြီးဖြင့် သူ့ရဲ့နဖူးကိုလာစမ်းလေရဲ့။
"မြန်မြန်အိမ်ထဲဝင်ပြီးနားရအောင် ... ငါ JongIn အတွက် တစ်ခုခုလုပ်ပေးမယ် "
JongIn က ပြုံးပြရင်းဖြင့် ခေါင်းလေးညိတ်ပြလိုက်သည်။ ပြီးတော့ KyungSoo ရဲ့ အလိုကျအတိုင်း အနားယူဖို့အတွက် အခန်းထဲသို့ ဦးစွာဝင်လာခဲ့လိုက်သည်။
"Ravi မေးစရာရှိလို့ "
KyungSoo က မီးဖိုချောင်ထဲမှာ သူ့အတွက် တစ်ခုခုပြင်ပေးနေတာကြောင့် အချိန်ရတုန်းလေး Ravi ဆီကို ဖုန်းဆက်လိုက်သည်။
ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့ Ravi က အံ့သြနေလေရဲ့။ သူစုံစမ်းပေးမယ်ဆိုပြီးတဲ့နောက် KyungSoo မလာခင် အရင် ဖုန်းချလိုက်ပြီးတော့ အိပ်ယာပေါ်လှဲကာ မျက်ဝန်းတွေမှိတ်ရင်းဖြင့် အနားယူနေမိသည်။
ဒေါက် ဒေါက် ဒေါက်
"JongIn. . ငါ ဝင်လာခဲ့မယ်နော် "
ဗန်းလေးကိုင်ပြီးဝင်လာတဲ့ KyungSoo ကိုလည်းမြင်ရော JongIn အမြန်ထထိုင်လိုက်သည်။
"ငါ ထမင်းပျော့ပျော့လေးရယ် ၊ ငါးအသားလေးရယ်၊ ကျီဂဲရယ် လုပ်လာခဲ့တယ်။ နည်းနည်းဖြစ်ဖြစ်စားလိုက်နော် "
KyungSoo က ဗန်းလေးကို ခုံလေးပေါ်မှာတင်လိုက်ပြီးတော့ JongIn ရဲ့အနားကိုသွားလိုက်သည်။
"ခေါင်းကိုက်တာတွေရော ရှိလား ... အိပ်မပျော်တာကြောင့်နေမယ် ... သက်သာရဲ့လား "
YOU ARE READING
Saudade [Z×U] Complete
Fanficမင်းကိုစောင့်ရလို့ တစ်ခါလေးတောင် မငြီးငွေ့ခဲ့ဖူးဘူးဆိုတာကို အကြိမ်ပေါင်းများစွာပြောခဲ့ဖူးပါရဲ့... မင်းကိုစောင့်ရလို့ တစ်ခါလေးတောင် မငြီးငွေ့ခဲ့ဖူးဘူးဆိုတာကို အကြိမ်ပေါင်းများစွာပြောခဲ့ဖူးပါရဲ့...