Saudade -29 [Z×U]

840 98 4
                                    

မနက်ခင်း ၄ နာရီ~~~

KyungSoo အိပ်ယာကနေထပြီးတော့ အဝတ်တွေကို စီရီစွာခေါက်ပြီးတော့ အိတ်ထဲထည့်နေလိုက်သည်။ JongIn ဆီကို လှမ်းကြည့်တော့ နှစ်ခြိုက်စွာအိပ်ပျော်နေလေ၏။

အဝတ်တွေထည့်လိုက် ၊ JongIn နိုးလာမလားဆိုတာကိုကြည့်လိုက်နဲ့ မအားမလပ်ဖြစ်နေရင်းကနေ နောက်ဆုံးတော့အကုန်ထုတ်ပိုးပြီးသွားပြီဖြစ်သည်။
လက်တံနာရီကတော့ ၅ နာရီအတိကိုညွှန်ပြနေ၏။

KyungSoo ခြေလှမ်းတွေကို ခပ်ဖွဖွနင်းရင်းနဲ့ပဲ JongIn အား အချိန်အတော်ကြာသည်အထိ ကြည့်နေမိသည်။ နှုတ်ဆက်အနမ်းအနေနဲ့ နဖူးပြင်လေးရယ်  နှုတ်ခမ်းပါးလေးပေါ်ကို ခပ်ဖွဖွထိတွေ့ပြီးတဲ့နောက် အိပ်ပျော်နေတဲ့သူ့ပုံလေးကို ဓာတ်ပုံလေးရိုက်ယူထားလိုက်သည်။

"ကောင်းကောင်းရှိနေနော် ... ငါ JongIn ကိုအရမ်းချစ်တယ်ဆိုတာ သိထားပေး "

မျက်ရည်တွေကြားထဲကနေပြုံးလိုက်ပြီးတော့ နောက်ဆုံးအကြိမ်အနေနဲ့ ပါးပြင်လေးကိုအုပ်မိုးကာကိုင်လိုက်သည်။ ပြီးတာနဲ့ အခန်းတံခါလေးကိုခပ်ဖွဖွပိတ်ပြီးတော့ လှေကားထစ်တွေဆီကနေ ဖြည်းဖြည်းချင်းဆင်းလာခဲ့သည်။ အိမ်အထိန်းတွေက မနက် ၆ နာရီမှလာလေ့ရှိတာကြောင့် သူထွက်သွားတာကိုမည်သူမှသိမည်မဟုတ်ပေ။

ခြံထဲရောက်တော့ လေအေးတစ်ချက်က ဝှေ့ကနဲတိုက်လိုက်တာကြောင့် KyungSoo ရဲ့ခန္ဓာကိုယ်လေးက တုန်သွားသည်။ ရင်းနှီးခဲ့တဲ့ ပန်းပင်တွေကို မျက်ဝန်းတွေထဲမှာ မှတ်ထားလိုက်ရင်းနဲ့ အနောက်ကိုပြန်လှည့်မကြည့်တော့ပဲ ထိုအိမ်ကနေ သူထွက်လာခဲ့လိုက်သည်။

ဦးတည်ရာတော့မရှိ ... ဒီတိုင်း ခြေဦးတည့်ရာကိုပဲ သွားလိုက်မည်။ အနည်းဆုံးတော့ ဒီနေရာကနေသူထွက်လာနိုင်ခဲ့ပြီ။

~~~

"မသွားပါနဲ့ "

JongIn လက်တွေဆန့်တန်းရင်းနဲ့ အိပ်ယာကနေ လန့်နိုးလာခဲ့သည်။ အသက်ရှူသံခပ်ပြင်းပြင်းနဲ့အတူ အိပ်ယာဘေးကိုကြည့်လိုက်မိတော့ KyungSoo ဟာ ရှိမနေ။

Saudade [Z×U] CompleteWhere stories live. Discover now