Saudade - 22 [Z×U]

884 114 13
                                    

"JongIn ခဏလောက် လာခဲ့ပေးပါလား "

ထမင်းဘူးလေးတွေထည့်နေရင်း Message ဝင်လာတာကြောင့် ဘယ်သူ့ဆီကလဲကြည့်လိုက်တော့ KyungSoo ဆီက။ ဘာဖြစ်တာလဲဆိုပြီး သူ့ဆီသွားလိုက်တော့ သဘက်လေးပတ်ပြီးတော့ ဗီရိုရှေ့မှာရပ်နေလေ၏။

"Hyung ဘာလို့လဲ "

"အကျီ င်္လေးရွေးပေးပါလား ... ဒီမှာရှိတာတွေက ဘာအရောင်တွေမှန်းမသိတော့ တွေ့ရာဝတ်လိုက်ရင် မလိုက်မဖက်တွေဖြစ်နေမှာစိုးလို့ ...  "

သူ့စကာူကြောင့် ရင်ဘက်နားက ဆစ်ကနဲနာကျင်သွားပြီးတော့ မျက်ရည်လဲဝဲလာပေမယ့် KyungSoo မမြင်စေရန် အမြန်ထိန်းလိုက်ပြီးတော့ ပြုံးပြလာကာ ဗီရိုထဲက သူနဲ့ဆင်တူဖြစ်တဲ့အရောင်လေးကို ရွေးပေးလိုက်တယ်။

"ဒါလေးဝတ် ကျွန်တော်နဲ့ဆင်တူ "

"JongIn ဟိုဘက်လှည့်ပေးပါလား "

အင်္ကျီလဲဝတ်ဖို့လုပ်နေတာမို့လို့ သူ
ဘာကိုဆိုလိုတာလဲဆိုတာ သိတာကြောင့် KyungSoo နေရမခက်အောင်လို့ တစ်ဖက်ကိုလှည့်ပေးလိုက်သည်။

ခဏလောက်ကြာတော့ လဲဝတ်ပြီးပြီအမှတ်နဲ့  ပြန်လှည့်လာလိုက်ပေမယ့် KyungSoo က အခုမှ တီရှပ်ကိုလျှိုဝတ်နေတုန်း။ လဲဝတ်နေတဲ့ KyungSoo ရဲ့ ကျောပြင်ကိုမြင်လိုက်ရသည့်အတွက်  JongIn ရဲ့စိတ်ထဲမှာ မွန်းကျပ်လာရသည်။ နီရဲနေသည့်အမာရွတ်က ဖြူဖြူဖွေးဖွေးကျောပြင်မှာ အကျည်းတန်စွာနေရာယူထားလေရဲ့။
မနေနိုင်စွာနဲ့ အနားကိုသွားပြီး ထိုအမာရွတ်ကိုထိလိုက်တော့ KyungSoo ရဲ့ ခန္ဓာကိုယ်လေးက တွန့်ကနဲဖြစ်သွားသည်။

"JongIn. .. "

"အများကြီး နာခဲ့မှာပဲ "

KyungSoo က အင်္ကျီကိုအမြန်ဝတ်ပြီးတာနဲ့ သူ့ဘက်ကိုလှည့်ကြည့်လာတော့  JongIn က မျက်ရည်ဝဲပြီးသူ့အားကြည့်နေ၏။

"အဆင်ပြေပါတယ် JongIn ရဲ့ ငါ ဘာမှမဖြစ်ပါဘူး ... "

"လိမ်တာ "

"တကယ်ပါ အဲ့တုန်းကနာပေမယ့် အခုတော့ အဆင်ပြေသွားပြီ ငါဆို ဒါရှိမှန်းတောင်မသိတော့ဘူး "

အသည်းအသန်ငြင်းပြီး သူအဆင်ပြေကြောင်းပြောနေတာကို JongIn ဘယ်လိုမှ ဆက်မကြည့်နိုင်တာမို့လို့ ဘာမှမပြောတော့ပဲ ထိုအခန်းကနေ ထွက်လာခဲ့သည်။ KyungSoo ကတော့ JongIn ရဲ့ ကျောပြင်လေးကိုကြည့်ပြီး သက်ပြင်းသာချမိသည်။

Saudade [Z×U] CompleteWhere stories live. Discover now