Saudade-10[Z×U]

1.2K 165 29
                                    

"Hyung "

အခန်းထဲကို အသည်းအသန်ဝင်လာတဲ့ Ravi က ကုတင်ပေါ်မှာ ဘေးတစောင်းလေးထိုင်ရက်နဲ့ ငိုနေတဲ့ KyungSoo ကိုမြင်တော့ ပြေးဖက်လေရဲ့ ~

"Ravi  .. မင်းက ဘယ်လိုလုပ် "

KyungSoo ကမျက်ရည်လေးတွေ အမြန်သုတ်လိုက်ပြီး သူ့ကိုဖက်ထားတဲ့ Ravi ကို မေးလိုက်သည်။ ပြီးတော့ အနောက်ကနေ ပါလာတဲ့ Taemin နဲ့ Moonkyu ...

"Taemin ... Moonkyu "

"Annyeong Hyung "

KyungSoo မှာ သူတို့ ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေကြတာလဲ ဆိုတာကို တအံ့တသြဖြစ်နေတုန်း ~

Ravi ကတော့ သူ့ဘေးနားမှာ ထိုင်ရင်းနဲ့
အရင်ကအကြောင်းတွေကိုပြန်ပြောပြနေသည်။

KyungSoo ကတော့ Ravi ပြောသမျှအကြောင်းအရာလေးတွေကို စိတ်ဝင်တစားနားထောင်နေ၏။

"Hyung ကို ကျွန်တော်တို့ သတိရနေခဲ့တာ "

"ငါလဲ သတိရပါတယ် "

Ravi က အားရပါးရပြောနေပေမယ့် Taemin နဲ့ Moonkyu ကတော့ အရိပ်အခြေအနေကိုကြည့်နေသလိုပင်။

Ravi က အရင်ကတည်းက KyungSoo ကို ခင်တွယ်သည်။ ကျောင်းတုန်းကဆိုလဲ Taemin နဲ့ Moonkyu က JongIn နဲ့ ပူးတွဲနေကြတဲ့အချိန် Ravi က သူ့နားလာကာ စကားတွေပြောလေ့ရှိသည်။

Taemin က  နှစ်ဖက်လုံးမျှတပေမယ့် Moonkyu နဲ့ Ravi ကတော့မတူ။
Moonkyu က JongIn နဲ့ ပိုပေါင်းဖြစ်ပြီး
Ravi ကတော့ Kyungsoo နဲ့ ပေါင်းဖြစ်၏။

"သွားရအောင် Hyung "

စကားပြောနေတုန်း လက်ကိုဆွဲပြီး သွားရအောင် ပြောလာသဖြင့် KyungSoo မှာ နားမလည်။
Ravi ကတော့ သူပြောတာတောင် မစောင့်တော့ပဲ လက်ကိုအတင်းဆွဲကာ အောက်ထပ်ကိုခေါ်သွား၏။

"ဒါကဘာလဲ "

တံခါးဝရောက်တော့ JongIn ရဲ့အသံကြောင့် KyungSoo မှာ လန့်သွားရသည်။ Ravi လက်ထဲကနေရုန်းပေမယ့်လဲ မရ။

"ငါ Hyung ကို မင်းနဲ့မထားနိုင်ဘူး ... အဲ့တျာကြာင့် ခေါ်သွားမလို့ "

"Ravi "

Ravi စကားကြောင့် KyungSoo မှာ လုံးဝအံ့သြသွားရသည်။ JongIn ကိုကြည့်တော့လဲ သူ့အား ပေါက်ထွက်မတတ်ကြည့်နေသည်။

Saudade [Z×U] CompleteWhere stories live. Discover now