ဆေးရုံတက်ပြီးတဲ့နောက်ပိုင်း JongIn ဟာ KyungSoo ကို အရင်ကထက် သိသိသာသာ ရှောင်လာ၏။ သူ့အိမ်ကို သွားရင်တောင် မတွေ့ချင်ဘူးဆိုပြီး လူကြုံနဲ့ ပါးလိုက်တဲ့ စကားတွေကြောင့် သူ့ရဲ့အခန်းရှေ့လေးမှာပဲ ကုန်လွန်ခဲ့ရတဲ့ KyungSoo ရဲ့ အချိန်တွေဟာ မနည်းလှ။
ဒီနေ့လဲ သူမသိအောင်လို့ ကျောင်းကိုစောစောသွားမယ်ဆိုတာသိလို့ မသိမသာနဲ့ JongIn အနောက်ကနေလိုက်ဖို့အတွက် သူ့အိမ်ရှေ့က အကွယ်နားလေးမှာ KyungSoo စောင့်လိုက်သည်။
"JongIn ကလဲ လိုက်ခဲ့ပါ"
ခြေလှမ်းတွေနီးကပ်လာတာနဲ့အမျှ
အသံတွေကိုလဲ ကြားနေရသည်။ KyungSoo ထင်တာမမှားဘူးဆိုရင် ဒါဟာ ဟာနာရဲ့ အသံဖြစ်လိမ့်မည်။"ငါ့မှာ ခင်စရာဆိုလို့ နင်ပဲရှိတာကို "
KyungSoo ရဲ့ အထင်မှန်ခဲ့ပါသည်။
ဟာနာက ကျောင်းမှာဆိုရင် မိန်းကလေးသူငယ်ချင်းတောင် များများစားစားမရှိ။ JongIn တစ်ယောက်ကိုသာ သူ့ရဲ့သူငယ်ချင်းအရင်းလို ပေါင်းတာပင်။
အသံတွေတိုးသွားတာနှင့်အမျှ ဝေးကွာနေတဲ့ ခြေလှမ်းတွေအနောက်ကနေ ကျောပြင်လေးကို ကြည့်ရင်းနဲ့ ကျောင်းကိုတောင်ရောက်လာခဲ့ပြီ။
ဟာနာကတော့ ကျောင်းရောက်တာနဲ့ JongIn ကို နှုတ်ဆက်ပြီး သူ့သူငယ်ချင်းတွေဆီ သွားလေရဲ့ ...
KyungSoo လဲ ဟာနာသွားတာနဲ့ JongIn အနောက်ကို ပြေးလိုက်သွားခဲ့သည်။
"JongIn "
သူခေါ်လိုက်တော့ အနောက်ကိုလှည့်ကြည့်ခဲ့သည်။
"နေကောင်းသွားပြီလား ... ငါ မင်းဆီလာခဲ့သေးတယ် ... မင်းကမတွေ့ချင်ဘူးဆိုတာနဲ့ ငါအခန်းရှေ့မှာပဲ စောင့်နေခဲ့တာ "
အတော်ကြာတဲ့အထိ JongIn က သူ့ကိုကြည့်ရုံသာကြည့်နေခဲ့သည်။ မျက်ဝန်းတွေကို လိုက်ဖမ်းကြည့်တော့လဲ မဖမ်းတတ်တာကြောင့် နှုတ်ခမ်းတစ်ဖက်ကို ကိုက်ပြီး ခေါင်းသာငုံ့နေခဲ့ရသည်။
"JongIn ... "
နာမည်ကိုခေါ်ပြီး ပခုံးကိုလာဖက်တဲ့ JongIn ရဲ့ သူငယ်ချုင်းတွေကို KyungSoo ပြုံးပြလိုက်သည်။
YOU ARE READING
Saudade [Z×U] Complete
Fanfictionမင်းကိုစောင့်ရလို့ တစ်ခါလေးတောင် မငြီးငွေ့ခဲ့ဖူးဘူးဆိုတာကို အကြိမ်ပေါင်းများစွာပြောခဲ့ဖူးပါရဲ့... မင်းကိုစောင့်ရလို့ တစ်ခါလေးတောင် မငြီးငွေ့ခဲ့ဖူးဘူးဆိုတာကို အကြိမ်ပေါင်းများစွာပြောခဲ့ဖူးပါရဲ့...