Saudade - 23 [Z×U]

853 103 8
                                    

နမ်းတဲ့အချိန်ဟာ ဘယ်လောက်ကြာသွားလဲမသိကေမယ့် အဆုံးသတ်အနေနဲ့တော့ အောက်နှုတ်ခမ်းလေးကို ခပ်ဖွဖွလေးကိုက်ပြီးမှ လွှတ်ပေးလိုက်သည်။
နဖူးချင်းတေ့ကာထားရင်းနဲ့ KyungSoo ကိုကြည့်မိတော့ အသက်ရှူသံလေးတွေမြန်နေလေရဲ့။

"Jong .. In ... ဒါက ဘာ "

"ချစ်တယ် ... ကျွန်တော် Hyung ကို ချစ်တယ်"

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

ဘယ်အချိန်ကတည်းက ဖြစ်ပေါ်လာတဲ့ ခံစားချက်မှန်းမသိပေမယ့် ချစ်မိသွားတာတော့သေချာသည်။ ခံစားချက်အမှန်ကို ဝန်ခံလိုက်ပေမယ့် သူကတော့ မဖြစ်နိုင်ဘူးဆိုပြီး အသည်းအသန်ငြင်းလာ၏။

"ဘာကိုကြည့်ပြီး မဖြစ်နိုင်ဘူးလို့ပြောရတာလဲ"

ခံစားချက်ကိုစော်ကားသလိုဖြစ်တဲ့အတွက် သူ့ကိုပြန်မေးလိုက်တဲ့စကားမှာ ဒေါသပါသွားတာကြောင့် အသံက အနည်းငယ်ကျယ်သွားသည်။

"ကျွန်တော်က Hyung ကို နှိပ်စက်ခဲ့လို့ အရင်ကဟာတွေပြန်တွေးပြီးမဖြစ်နိုင်ဘူးလို့ထင်နေတာလား ... ကျွန်တော် ခံစားချက်က အတုအယောင်လို့ ထင်နေတာပေါ့ "

နဖူးချင်းတေ့ထားရာကနေ ခွာလိုက်ပြီးတော့ လက်မောင်းနှစ်ဖက်ကိုကိုင်ရင်း ဆွဲလှုပ်ကာမေးလိုက်သည်။

"ငါ အဲ့လိုသဘောနဲ့ ပြောတာမဟုတ်ပါဘူး ...
ဒီတိုင်း "

"ဒီတိုင်း ဘာဖြစ်လဲ "

"ငါက .. JongIn က ငါ့ကိုမုန်းနေမယ်ထင်လို့ပါ
အစကတည်းက ငါ့ကိုသဘောမကျဘူးမလား "

ခုနကကိုက်ထားတဲ့အရှိန်ကြောင့် နီရဲနေတဲ့နှုတ်ခမ်းပါးဆီကနေ မပွင့်တပွင့်နဲ့ ထိုစကားတွေထွက်လာတော့ သူ့မှာ ဘာဖြေရှင်းချက်ပေးရမလဲမသိ။ တကယ်တမ်း KyungSoo ပြောတာလဲ မှန်နေသည်ပေ။

"ဒါက JongIn က ဒီတိုင်း ခဏစိတ်လွတ်သွားတာပါ .. ငါလဲ ဒါကိုမသိချင်ယောင်ဆောင်ပေးပါ့မယ် အဲ့တာကြောင့် JongIn က ဒီတိုင်း စိတ်ထဲမထားပါနဲ့ "

ဒီအနမ်းကိုအမှားတစ်ခုလုပ်မိတဲ့ပုံစံမျိုးလို KyungSoo က တွေးနေတာကြောင့် သူ့မှာဘယ်လိုပြောပြရမလဲမသိ။ နောက်ဆုံးတော့လဲ အရာအားလုံးက သူ့ကြောင့်ပါပဲ ...
KyungSoo ကို အခုလိုမျိုးဖြစ်အောင် သူပဲလုပ်ခဲ့မိတာမဟုတ်လား။

Saudade [Z×U] CompleteWhere stories live. Discover now