Saudade-3[Z×U]

1.5K 171 2
                                    

မျက်စိရှေ့မှာ မြင်နေရတဲ့ တန်ဖိုးကြီးလှသော စားကောင်းသောက်ဖွယ်တွေကို KyungSoo ကြည့်နေမိသည်။

JongIn ခေါ်တာကြောင့် သူမငြင်းပဲလိုက်လာခဲ့တာ ~

အထူးဟင်းလျာဖြစ်တဲ အမဲသားသံပုရာပေါင်းကို JongIn က ဓားဖြင့်ဖြည်းဖြည်းချင်းလှီးနေသည်။ ထိလိုက်တာနဲ့ အလိုလိုပါလာတဲ့ အသားလွှာက ဘယ်လောက်ထိနူးညံ့မလဲဆိုတာကို ပြနေသည်။

JongIn ကသာ တစ်လုတ်ချင်းစီစားနေတာ KyungSoo မှာတော့ အခုထိ ဘာတစ်ခုမှမထိရသေး ~

"စားလေ .. ဘာလို့လဲ မကောင်းလို့လား "

"မဟုတ်ပါဘူး ... ဒီတိုင်း မစားချင်လို့ "

KyungSoo ညာတယ်ဆိုတာကို သိလိုက်လို့ စားနေရင်းနဲ့ JongIn နှုတ်ခမ်းတစ်ဖက် တွန့်ကွေးကာ ပြုံးလိုက်သည်။

အခုထိ ငယ်ငယ်ကအကျင့်တွေ မပျောက်သေးဘူးပဲ~

ဘယ်အရာမဆို အလကားမယူတတ်တဲ့ KyungSoo က ဘောပင်တစ်ချောင်းဝယ်ပေးရင်တောင် အကြောင်းရင်းကို သေချာမေးပြီးမှ ယူတဲ့သူမျိုးပင်။

အခုလဲ အကြွေးတင်ခံရမှာစိုးလို့ တမင်မစားတာကို JongIn သိသည်။
ဒါပေမယ့် ဘယ်လိုလုပ်မလဲ KyungSoo ... အခုထိ ငါ့အပေါ်မှာ ဆပ်စရာအကြွေးတွေအများကြီးရှိသေးတယ်။

"အခုထိ မပြောင်းလဲသေးဘူးပဲ ... "

JongIn ဘာကိုပြောလဲဆိုတာကို သိတာကြောင့် KyungSoo ဘာမှမပြော။ရှေ့မှာ ငှဲ့ထားတဲ့ ဖန်ခွက်ထဲကရေကို သောက်လိုက်သည်။

"ထောင်ထဲမှာရော ဒီလိုမျိုးပဲလား"

JongIn ရဲ့ ခနဲ့သလိုစကားကြောင့် ဖန်ခွက်ကိုင်ထားတဲ့ KyungSoo ရဲ့လက်ဟာ တင်းကနဲဖြ်းသွားသည်။

JongIn ဟာ KyungSoo ဖြစ်သွားတဲ့ အမူအရာကို ဖမ်းမိလိုက်တာမို့လို့ ကျေနပ်စွာပြုံးလိုက်မိတယ်။

"နောက်တာပါ ... "

အချိန်တစ်ခုကြာတဲ့အထိ ထိုဝိုင်းဟာ ငြိမ်သက်သွားခဲ့တယ်။ ခဏကြာတော့ KyungSoo ဘက်က စကားစလာခဲ့တယ်။

"နေရောကောင်းရဲ့လား"

တည်ငြိမ်အေးဆေးစွာထွက်ပေါ်လာတဲ့ အသံကြောင့် JongIn တစ်ချက်တော့ ငြိမ်သွားသည်။
ဂရုတစိုက်နဲ့ပြောတတ်တဲ့ KyungSoo ရဲ့ အသံဟာ ပြောင်းမသွားခဲ့။

Saudade [Z×U] CompleteWhere stories live. Discover now