SAUDADE - 20 [Z×U]

940 114 17
                                    

အိမ်ပြန်လမ်းတောက်လျှောက် JongIn ရဲ့ မျက်နှာဟာ လုံးဝကိုမှုန်ကုပ်နေသည်။ တစ်ခုခုကို ဒေါသထွက်နေတဲ့ပုံရတာမို့လို့ KyungSoo မှာ အနေကျုံ့နေ၏။

"JongIn  ... အိမ်သာမှာဘာဖြစ်လာလို့လဲဟင် "

အရဲစွန့်ပြီးမေးလိုက်ပေမယ့် သူ့ကိုပြန်ကြည့်လာတဲ့ အကြည့်စူးစူးမှာ ပါးစပ်လေးပိတ်ပြီး ငြိမ်လိုက်ရပြန်တယ်။

ကားကိုလဲ အနည်းငယ်အရှိန်တင်ပြီး မောင်းနေတာမို့လို့ သူ့မှာ ခါးပတ်လေးကိုလက်နှစ်ဖက်နဲ့ သေချာကိုင်ထားရတယ်။

"Jong. ... JongIn ကား ... ကား ခဏ .. ရပ် ပေး "

ရုတ်တရက်ကြီး နှလုံးက အောင့်လာတာမို့လို့ JongIn ရဲ့ လက်တွေကို သွားကိုင်မိသည်။ ခေါင်းတွေလဲ မူးဝေလာပြီးတော့ နဖူးမှာလဲ ချွေးစေးတွေပြန်နေပြီ။

"အ "

မခံနိုင် မရပ်နိုင်ကို အောင့်လာတာမို့လို့
JongIn ရဲ့ လက်တွေကို ရိုးရိုးကိုင်ထားရာကနေ လက်သည်းရှည်ရှည်တွေနဲ့ပါ ကုတ်လိုက်မိသည်။

JongIn ကတော့  ကားကိုချက်ချင်းပဲရပ်လိုက်ပြီး သူ့ကိုပျာပျာသလဲနဲ့ထွေးပွေ့လာတယ်။

" ဘာလဲ ... ဘာဖြစ်တာလဲ ဘယ်နား ဘယ်နားက အောင့်တာလဲ ... ဆေး ဆေးကရော ဘယ်မှာလဲ "

စိုးရိမ်စွာနဲ့အဆက်မပြတ်မေးနေပေမယ့် သူ့မှာပြန်ဖြေဖို့ အားမရှိတာကြောင့် မျက်ဝန်းတွေမှိတ်ပြီးသာ နေနေမိသည်။

×××

JongIn သူ့လက်ပေါ်မှာတင် မျက်ဝန်းတွေမှိတ်ပြီး သူ့လက်တွေကို ဆွဲကုတ်တာ နာကျင်မှုကိုခံစားနေတဲ့ KyungSoo ကြောင့် စိုးရိမ်လွန်ပြီး ရူးချင်လာသည်။

ကိုက်ထားတဲ့နှုတ်ခမ်းပါးလေးက တုန်ယင်နေတာကို ကြည့်လိုက်ရင် ဘယ်လောက်နာကျင်နေမလဲဆိုတာကို ခန့်မှန်းနိုင်သည်။ ဒါပေမယ့် အခုအခြေအနေအရ သူ့မှာ ဘာမှမလုပ်ပေးနိုင်တာကြောင့် KyungSoo ရဲ့ ခန္ဓာကိုယ်ကို ပွေ့ထားပြီးတော့ ချွေးလေးတွေကိုသာ လိုက်သုတ်ပေးမိသည်။

နာရီဝက်ကြာပြီးတဲ့နောက်မှာ နာကျင်မှုက သက်သာသွားပုံရသည်။ ကိုက်ထားတဲ့နှုတ်ခမ်းတွေက ပြေလျော့သွားပြီးတော့ သူ့ရဲ့လက်ကို အားကိုးတကြီးနဲ့ ကုတ်ထားတဲ့ လက်တွေဟာလဲ အားလျော့သွားတယ်။

Saudade [Z×U] CompleteWhere stories live. Discover now