Saudade-14[Z×U]

1.1K 160 10
                                    

အသံရှူသံတွေတည်ငြိမ်သွားတော့ KyungSoo ရဲ့ လက်တွေဟာလဲ အလိုလိုရပ်တန့်ပြီးသားဖြစ်၏။
JongIn ရဲ့ ခပ်နွေးနွေးအသက်ရှူငွေ့လေးတွေကြောင့် KyungSoo ရဲ့ ဝမ်းဗိုက်နားလေးဟာ နွေးထွေးနေတယ်။

ခေါင်းလေးကို အသာလေးမပြီးတော့ ကြမ်းပြင်ပေါ်ကို သူပါ ရွေ့ပြောင်းထိုင်လိုက်၏။ ပြီးတော့ ခြေထောက်လေးကိုဆင်းထားပြီးတော့ သူ့ရဲ့ပေါင်ပေါ်မှာ ခေါင်းအုံးစေလိုက်သည်။

KyungSoo က ဆံပင်လေးတွေကို ခပ်ဖွဖွလေးသပ်ပေးလိုက်တော့ JongIn ရဲ့လက်တွေဟာ အားကိုးတကြီးနဲ့ သူ့ရဲ့ခါးကိုဖက်ထားလေရဲ့ ~

မသိရင်  ကိုအာလာဝက်ဝံလေးက သစ်ပင်ကို
ကုပ်တွယ်ထားသလိုလေး ~~

"အများကြီး ပင်ပန်းနေတယ်မလား ... ငါ့ရဲ့ JongIn "

KyungSoo ဟာ ထိုစကားလေးကိုဆိုပြီးတော့ ကုတင်လေးကိုခေါင်းမှီကာ မျက်ဝန်းတွေကို မှိတ်လိုက်တယ်။

~~~

ဆက်ကနဲ ဖြစ်သွားတဲ့ လက်ချောင်းတွေနဲ့အတူ JongIn ရဲ့ မျက်ဝန်းတွေဟာလဲ ကြောက်လန့်တကြား ပွင့်လာခဲ့တယ်။ အိမ်မက်ဆိုးတစ်ခုကို မက်ခဲ့တာမို့လို့ ချွေးတွေတောင် စို့နေလေရဲ့ ~

မျက်လုံးပွင့်ပွင့်ချင်းမှာပဲ သူဟာ KyungSoo ရဲ့ ပေါင်ပေါ်မှာ ရောက်နေတယ်ဆိုတာကို ချက်ချင်းသိလိုက်သည်။ KyungSoo ကို ကြည့်တော့လဲ
အိပ်ပျော်နေလေရဲ့။

JongIn က အချိန်အတော်ကြာတဲ့အထိ KyungSoo ရဲ့ ပေါင်ပေါ်ကနေ မထသေးပဲနဲ့ ဘေးတစောင်းလှည့်လိုက်ပြီးတော့ သူ့ရဲ့ခါးနားမှာ မျက်နှာကိုအပ်ရင်းနဲ့ ရေမွှေးနံ့လေးကို ခံစားနေမိသည်။

ပြီးတော့မှ သူ့ကိုပွေ့ချီပြီး အိပ်ယာပေါ်တင်ပေးကာ စောင်ပါးလေးပါ ခြုံပေးလိုက်သည်။

"Hyung ရော "

JongIn အခန်းထဲက ထွက်လာပြီးတော့
Ravi ဆီသွားလိုက်သည်။ Ravi ကတော့ သူ့ကိုမြင်မြင်ချင်းတောင် KyungSoo ကိုပဲ မေးနေတာကြောင့် စိတ်ထဲမှာတော့ အလိုမကျမိ။

Saudade [Z×U] CompleteWhere stories live. Discover now