Saudade-2[Z×U]

1.9K 191 7
                                    

"ဒီနေ့အတွက် အားတင်းထား ... မင်းလုပ်နိုင်ပါတယ် KyungSoo"

မှန်ရှေ့သွားပြီး နက်ခ်တိုင်လေးကို သေချာပြန်ပြင်ရင်း ကိုယ့်ကိုယ်ကို အားပေးစကားဆိုလိုက်သည်။

ဒီနေ့က ပထမဆုံး အလုပ်ဝင်ရမည့်ရက် ဖြစ်သည့်အတွက် KyungSoo စိတ်လှုပ်ရှားမိသည်။

မနက်စာအဖြစ် နွားနို့ဗူးလေးသောက်ရင်း ဗိုက်ဖြည့်လိုက်သည်။ ပထမဆုံးရက်ဖြစ်သည့်အတွက် နောက်ကျမည်ကို စိုးရိမ်တာကြောင့် အိမ်ကနေ စောစောထွက်ခဲ့လိုက်သည်။

မြေအောက်ရထားစီးပြီးသွားရမှာဖြစ်သည့်အတွက် မနက် ၈ နာရီ ရထားကိုစောင့်ဆိုင်းမိသည်။
နာရီလက်တံကိုကြည့်တော့ လက်တံအရှည်က ၁၁ ဆီသို့ညွှန်ပြလေ၏။ နောက် ၅ မိနစ်ကြာတော့ ရထားပေါ်ရောက်သွားခဲ့သည်။

နေရာလွတ်မှာထိုင်လိုက်ပြီး ဟိုဟိုဒီဒီကြည့်မိတော့ စာအုပ်ဖတ်တဲ့သူကဖတ်၊ သတင်းစာဖတ်တဲ့သူကဖတ်၊ ဖုန်းပြောနေတဲ့သူကပြောနဲ့ အားလုံးသူ့အလုပ်နဲ့သူရှုပ်နေကြသည်။
အများစုကတော့ ဖုန်းသုံးနေကြသည်ပေါ့။

ထိုအရာတွေဆီကနေ အကြည့်လွှဲပြီးတော့ ဖြတ်သွားတဲ့နေရာလေးတွေကို သေချာလိုက်ကြည့်မိသည်။

နာရီဝက်လောက်ကြာတော့ သူဆင်းရမယ့်နေရာရောက်ခဲ့သည်။ဘူတာကနေ ၁၅ မိနစ်လောက်လမ်းလျှောက်သွားပြီးရင် သူလုပ်ရမည့်ဆိုင်ကိုရောက်ပြီပင်။

လမ်းဘေးမှာ ခင်းကာရောင်းနေတဲ့ပစ္စည်းလေးတွေတွေ့တော့ အရင်အချိန်လေးကိုတောင် သတိရမိသွားသည်။ အပျော်ဆုံးနဲ့ အမှတ်တရအရှိဆုံးအချိန်တွေက လွန်ခဲ့တဲ့ ၅ နှစ်မှာတော့ အဆုံးသတ်သွားခဲ့သည်။

နောက်ထပ်ရရှိဖို့ကို KyungSoo မမျှော်လင့်တော့ပါ။

လှမ်းမြင်နေရတဲ့ ဆိုင်ကိုတွေ့တော့ ခပ်သွက်သွက်လျှောက်လိုက်သည်။ ဆိုင်ထဲဝင်ပြီး ဝန်ထမ်းတွေကို နှုတ်ဆက်ရင်းနဲ့ လုပ်ရမည့်တာဝန်တွေကို စတင်လုပ်ဆောင်လိုက်သည်။

"KyungSoo .. မန်နေဂျာကခေါ်ခိုင်းလိုက်လို့"

၁၀ နာရီနဲ့ ၅ မိနစ်မှာ မန်နေဂျာကခေါ်သည့်အတွက် ပန်းကန်တွေအမြန်သိမ်းကာ သွားလိုက်သည်။

Saudade [Z×U] CompleteWhere stories live. Discover now