Unicode;
" ပြန်ရောက်ပါပြီ "
ဧည့်ခန်းတွင် စာရင်းဇယားစစ်ကာ သူတို့ပြန်အလာကို မျှော်နေဟန်ရှိသော မေမေကို လှမ်းပြောလိုက်တော့ မေမေက ခေါင်းငြိမ့်ပြကာ
" ညစာရော မစားရကြရသေးဘူး မဟုတ်လား
ကိုယ်လက်သန့်စင်ပြီး လာဆင်းစားကြ
မေမေ ပြင်ထားပေးမယ် "Jungkook တစ်ယောက် စိတ်မကြည်နေတာမို့
ညစာစားရန်လည်း စိတ်ကူးထဲတွင်ရှိမနေ။ကိုကို ကို လှမ်းကြည့်တော့ သယ်ယူလာသော အသီးတွေကို အိမ်အကူအန်တီကြီးနား သေသေချာချာ အပ်နေသည်။" သားမစားတော့ဘူး မေမေ
နည်းနည်းပင်ပန်းချင်သလို ဖြစ်နေလို့ တက်အိပ်တော့မယ်နော် "သူ့သားက ခရီးရှည် မသွားဖူးသေးတော့ ပင်ပန်းမည်ဆိုတာကို နားလည်သည်။မျက်နှာလေးကိုပင်
နွမ်းလို့။သူ့သားနားကို တိုးသွားပြီး ခေါင်းလေးတစ်ချက်ပုတ်ပေးကာ" အင်းပါ ဒါဆိုလည်း တက်အိပ်တော့ "
သူ့အားပြန်ပြုံးပြကာ အိမ်ပေါ်တက်သွားသော သားဖြစ်သူကို ကြည့်ရင်း သက်ပြင်းလေးချမိသည်။
ဟိုတစ်နေ့ကဘဲ ခပ်ထွားထွား ခန္ဒာကိုယ်အရွယ်အစားရချင်ပါရဲ့ ဆိုပြီး Gym သွားချင်သည်ဟူ၍ ပူဆာနေသော ကောင်လေးမှာ ဒီနေ့တွင်တော့ မျက်နှာ မကောင်း။Jimin လေးနဲ့များ
ပြသာနာ ဖြစ်လာသည်လို့ တွေးမိပေမဲ့ သူအလုပ်လုပ်နေသည့် စားပွဲခုံပေါ်သို့ သစ်သီးစိတ်လေးများကို လာချပေးသည့် မျက်နှာထားလေးကြောင့် ထိုသို့ ဟုတ်မည်မထင်မိ။" သား သူငယ်ချင်းကော အဆင်ပြေရဲ့လား "
သစ်သီးပန်းကန်ချပေးပြီး ထွက်သွားမည့်ဟတ်လုပ်နေသော ကောင်လေးကို သူမ မေးမိတော့
ဆိုဖာတွင် ထိုင်လိုက်ကာ" ဟုတ် အန်တီ သက်သာသွားပြီ
သွေးအားနည်းပြီး မူးလဲသွားတာဆိုဘဲ "" တော်သေးတာပေါ့ ဒါနဲ့ သားဖေဖေကော နေကောင်းရဲ့လား "
Jimin လေးနဲ့ စကားလက်ဆုံမပြောရသည်မှာ တော်တော်လေး ကြာနေပီဖြစ်၍ စကားတွေကို သူမ ဘက်ကပင် စဖောက်ကာ ပြောလိုက်သည်။
![](https://img.wattpad.com/cover/239903102-288-k634184.jpg)