Unicode;
Jeon အိမ်တော်သို့ ပြန်ရောက်သည်နှင့် မွေးရပ်မြေမှ ဖေဖေ ထည့်ပေးလာသော သစ်သီးဝလံများကို အိမ်အကူ အန်တီကြီးအား ရေခဲသေတ္တာ ထဲတွင် ထည့်စေလိုက်သည်။Jimin ပြန်ရောက်သည်က ညအချိန်မို့ ခန ကြာလျှင် Jungkook ကို စာသင်ပေးရဥိီးမည် ဖြစ်သည်။သို့နှင့် ကိုယ်လက်သန့်စင်ကာ Jungkook ၏ အခန်းထဲသို့ သွားရန်ပြင်လိုက်သည်။တံခါး ခေါက်သော်လည်း ဖွင့်မလာ၍ စိုးရိမ်သွားပြီး ဝင်ကြည့်လိုက်ရာ စာကြည့်စားပွဲပေါ်တွင် မှောက်ကာ အိပ်ပျော်နေလေသည်။ပုံမှန်ဆို Jungkook သည်လို အိပ်လေ့ မရှိတာကြောင့် Jimin လည်း စိုးရိမ်ပြီး နဖူးကို စမ်းကြည့်ရာ ပူကျစ်နေလေသည်။Jimin တောင် ချက်ချင်းကြီး လက်ကို ပြန်ရုတ်ရသည့် အဖြစ်။
" ဒီကောင်လေး ဖျားနေတာ
အိမ်သားတွေကို မပြောပြဘူးလား ကွာ "ပြောရင်း Jungkook ကို အိပ်ရာ ပေါ်သို့ပြောင်းအိပ်ခိုင်းရင် နိုးမိလေသည်။
" Jungkookie Jungkookie ထ
အိပ်ရာပေါ်သွားအိပ် ကိုကို ခနနေ အန်တီတို့ကို ဆရာဝန် ခေါ်ခိုင်းလိုက်မယ် ထထ "Jimin သည်ကို Jungkook ကြားတစ်ချက် မကြား တစ်ချက်ဖြစ်နေသည်။အာရုံစိုက်ကာ ထရန်ပြင်လိုက်စဥ်တွင် တစ်စုံတစ်ယောက်ပေါ်သို့ လဲကျ သွားသလိုခံစားရသည်။သို့သော် မျက်လုံးဖွင့်ရန်ပင် အားမရှိတော့ချေ။.
" အမယ်လေး ငါ့ကျော ငါကျော
တော်တော် အားနည်းနေပီဘဲ ငါတို့ Kookie က "ကိုယ်ပေါ်သို့ တက်ဖိထားသော Jungkook အား ဖယ်ရန် အားသုံးသော်လည်း နောက်ကျောက တော်တော်နာ နေတာကြောင့် Jimin တစ်ယောက် အခက်တွေ့နေသည်။Jungkook ၏ နှာဝမှ ထွက်လာသော လေပူပြင်းပြင်းတို့သည် Jimin ၏လည်ပင်းသို့ လာရိုက်မိနေ၍ လူမှာ မအီမသာခံစားရသည်။Jungkook ၏ အဖျားမှာ မည်မျှကြီးကြောင်း သိသာလွန်းနေသည်။ထိုအစဥ်
အိမ်အကူ အန်တီကြီးမှ သစ်သီးစိတ်များကို လာချပေးသည်နှင့်တိုး၍ အန်တီကြီးသည်လည်း ကပျာကယာ အိပ်ရာပေါ်တွင် အခက်တွေ့နေသော
Jungkook ကို ဖယ်ပေးသည်။Jimin မှာလည်း အန်တီကြီးကို Jungkook ကို ကြည့်ထားပေးဖို့ပြောပြီး ဆရာဝန်ခေါ်ရန် သွားရတော့သည်။
