Chapter 5

326 28 0
                                    

Unicode;

        မနက်ခင်း၏ ကျေးငှက်ကလေးတို့၏ ကျီကျီကျာကျာ အသံနှင့်အတူ Jimin တစ်ယောက် နိုးလာလေသည်။ဘာရယ်မဟုတ်။မနေ့ညက တညလုံး ဟိုကောင်လေး၏ ရှပ်ပြာနေမှုကို တွေးရင်း ရီချင်မိသည်။သူရှေ့မှာ တော့ ထပ်ရီလို့ မဖြစ်။ကိုယ်က ပြောင်းလာတဲ့ သွေးမတော်သူ။​အဖေ ပြောသလို အမြင် မကြည်တာတွေ ဘာတွေ ဖြစ်နေဦး​မည်ဆိုရင်ဖြင့်။တွေးလက်စကို ရပ်လိုက်ပြီး
ကိုယ်လက်သန့်စင်ကာ အောက်ထပ် ဆင်းလာတော့ မနက်စာပြင်နေသည့် အိမ်အကူအန်တီကြီးက

" လူကလေး မနက်စာ လာစားပါဦး။ခနနေ သူဋ္ဌေးတို့ လင်မယားလည်း ဆင်းလာတော့မှာ "

" ဟုတ်ကဲ့ အန်တီ "

Jimin လည်း မနေ့ညက ထိုင်စားခဲ့သည့် နေရာ၌သာထိုင်ကာ လူစုံမည်က်ို စောင့်နေသည်။
အရင်စုံး ထွက်လာသည်က ဟိုကောင်လေး။ကျောင်းဝတ်စုံ နဲ့ တော်တော်လိုက်ဖက်မှုရှိသည်။
သို့သော် ကြည့်လိုက်သည့်နှင့် စာဂျပိုးရုပ်မျိုး။သူက မနေ့ကလိုတော့ ကျွန်တော့်ဘေးတွင် မထိုင်။

" အန်တီ သားအတွက် banana milk  တွေ ရေခဲသေတ္တာ ထည့်ပေးထားပါအုံး။အခုတလော
စာတွေလုပ်ရင်း ပိုသောက်ဖြစ်နေလို့။ "

" အေးဟုတ်ပြီ။Kookie လေး "

​အော် တွေးရင်း တွေးရင်းဘဲ ရီချင်လာသည်။ထိုကောင်ငယ်လေးမှာ Banana milk တွေကိုမိဘနှင့်ကျောင်းစာပြီးလျှင် အမက်မောဆုံးလားမသိ။အန်တီကြီးအားမှာ​ပြီးသည်နှင့် နှုတ်မှလည်း တတွတ်နှင့်ရွတ်ကာ လက်ချောင်းလေးများကို လည်း ချိုးနေဟန်တူသည်။မဟုတ်မှလွဲရော။မှန်ပါသည်။ထိုကောင်လေးမှာ စာကို အလွတ်ဆို
လေ့ကျင့်​​ နေခြင်းဖြစ်သည်။Jiminအနေနှင့်လည်း
ထို စာဂျပိုးလေးအား မနက်ခင်းတွင် Morning ဟုပင် မနှုတ်ဆက်မိတော့။စကားမပြောချင်လို့တော့ မဟုတ်။ထိုစာဂျပ်ိုးလေး စာကျက်ပျက်မည်ဆိုး၍။

" သားတို့တောင် ရောက်နှင့်နေပီ​ကိုး "

" ဟုတ်တယ်မေမေ, ​​သားဒီနေ့ စာမေးပွဲရှိလို့ ကျောင်းစောစော သွားချင်တယ်မေမေ "

" အင်းပါ သားရယ် ​ကားဒါရိုင်ဘာကို ကြိုပြောထားပြီးသား။ "

Your Eyes Tell Where stories live. Discover now