Chapter 16

341 26 4
                                    

Unicode;

ဒီနေ့နဲ့ဆို Jungkook တစ်ယောက် EGO ဆိုတဲ့
Gym မှာ ကစားနေတာ တစ်လ ပင် ပြည့်တောမည်ဖြစ်သည်။ညနေ နေဝင်ချိန်တိုင်း ကားမှတ်တိုင်ကနေ တဆင့် ကိုကိုနဲ့ လမ်းလျှောက်ပြန်ရသည် သည်လည်း တစ်လ လောက်ရှိခဲ့ပြီပေါ့။ဒီအတော အတွင်းတွင်ကိုကို နဲ့ သူနဲ့ ပုံမှန်ထက် တူတူရှိတဲ့ အချိန်တွေ ပိုများလာခဲ့သည်မို့ Jungkook တစ်ယောက် အမှန်တကယ်ပင် ပျော်ရွှင်ရသည်။

ဒီနေ့ က စနေနေ့ ဖြစ်တာကြောင့် ကိုကို ကျောင်းပိတ်သည့်နေ့လည်း ဖြစ်၊အားလပ်ရက်လည်း ဖြစ်တာ မို့ လူတအားများနေသော Gym ခန်းမ ကြီးတွင် လှုပ်ရှား ကစားနေရသည်က သိပ်တော့ စိတ်မပါလှပါချေ။ကိုကို မပါဘဲ အိမ်က ကား လာကြိုသော အားလပ်ရက် ညနေ ခင်းများကို သူ တကယ်မုန်းပါသည်။အားလပ်ရက်နှစ်ရက် လောက်ကို သူလည်း နားမည် စဥ်းစားထားသော်လည်း တစ်လ မပြည့်ခင်မှာပင် ထူးထူးခြားခြား ပို ကြည့်ကောင်းလာသော် ခန္ဓာကိုယ်အချိုးအစားကြောင့် သင်တန်းပေးသည့် ဆရာ ကိုယ်တိုင်ကပင် ပုံမှန်လေး လာပေးဖို့ တောင်းဆိုထားခြင်းပင်။

တကယ်တမ်းပြောရရင် Jungkook ကိုယ်တိုင်လည်း ကြိုက်နှစ်သက်သည်လေ။အားကစားလုပ်ရတာကို။ဘယ်ကတည်းက စိတ်ဝင်စားခဲ့မှန်း မသိပေမဲ့  ဒါတွေ လုပ်ပြီးရင် စိတ်တွေရွှင်လန်းနေပြီး လူက နေသာထိုင်သာရှိလာသည်။ထို့အပြင်
ကိုကိုက ပါ ပိုကြည့်ကောင်းလာ လို့ဆိုစကားတွေကြောင့်က အဓိက ဖြစ်မည်ထင်ပါသည်။

" ပြန်တော့မှာလား Jeon Jungkook...ဒီနေ့က စနေနေ့လား.. ဟုတ်သားဘဲ "

Gym လာရင် သယ်လာနေကျ ကိုကိုလက်ဆောင်ပေးထားတဲ့ အနက်ရောင် ကျောပိုးအိတ်လေးထဲ ရေဗူးထည့်ပြီး သိမ်းနေတုံး သင်တန်းပြဆရာက သူ့နား ကပ်ကာ မေးလာပြီး သူ့သူ့ ပြောသလိုနဲ့ ပြန်လှည့်ထွက်သွားသည်။ဒီဆရာ ကတော့ သဘောဖြင့် လှည့်ထွက်သွားရာ ဘက်လှမ်းကြည့်မိလိုက်တော့ သင်တန်းသူ ကောင်မလေး လှလှ တွေကြား အလုပ်ရှုပ်နေပုံရသည်။ဆရာကို စချင်သည့် စိတ်ကြောင့် ပြေးစက်ပေါ်က ကောင်မလေးတွေကြား ရောက်နေတဲ့ ဆရာ့နား ကပ်ပြီး

" ကျွန်တော့် ကိုလည်း မနက်ဖြန် အတွက် လုပ်ရမယ့် လေ့ကျင့်ခန်းလေးတွေ ပြောပြပေးပါအုံး "

Your Eyes Tell Where stories live. Discover now