Unicode;
Jeon Jungkook ရဲ့ခြေလှမ်းတွေက မြေကြီးနဲ့တောင်မထိချင်တော့သလိုဘဲ။ဒီလို လှပတဲ့နေ့လေးမှာ လှပလွန်းတဲ့ ကိုကို Jimin နဲ့ သူပထမဆုံး ချစ်သူရည်းစားတွေ အဖြစ် Date ရသည့်နေ့လေ။
ညီအစ်ကို ဆက်ဆံရေးလို့ လူသိများကြတဲ့ ဆက်ဆံရေးမှာ ကျွန်တော်တို့နှစ်ယောက်က လူမြင်ကွင်းကြီးမှာ အရမ်းကြီးပလူးနေလို့လည်း
မဖြစ်သေးတာကြောင့် Jungkook တစ်ယောက်
တော်တော်ထိန်းထားရသည့်အရာများရှိသည်။ဒါတွေကတော့ လမ်းလျှောက်ရင်း လက်တွဲချင်တာမျိုး၊လမ်းသွားလမ်းလာတွေငေးကြည့်ကြရင် ရင်ခွင်ထဲဆွဲသွင်းချင်တာမျိုး၊ပြုံးရယ်နေတဲ့ ကိုကို့ မျက်နှာလေးကိုမြင်ရင် မထိန်းနိုင်ဘဲ ဆွဲနမ်း
ပြစ်ချင်တာမျိုးပေါ့။အခုအခြေအနေလေးကတော့ ကျွန်တော်လုပ်ချင်တာတွေ လုပ်လို့ရမယ့် နေရာလေးလို့ သတ်မှတ်လို့ရမလား။လုပ်ချင်တာဆိုတာ တခြားမတွေးနဲ့ဦး။ပွေ့ဖက်နမ်းချင်လွန်းတဲ့ စိတ်ကိုပြောတာ။
ရောက်နေတာက ရုပ်ရှင်ရုံလေ၊ပြီးတော့ ကြည့်နေတဲ့ ကားက အချစ်ဇာတ်လမ်းလေး။ပေါက်ပေါက်ဆုပ်တွေရော၊ကိုလာတွေရော ကျွန်တော့်ပေါင်မှာ တင်ပြီး ပိတ်ကားပေါ်အာရုံရောက်
နေပုံက တကယ်အသည်းယားစရာလေး။" Kookie ဇာတ်လမ်းက ပိတ်ကားပေါ်မှာလေ..
ကိုကို့မျက်နှာပေါ်မှာမဟုတ်ဘူး...ဇာတ်ရှိန်ကောင်းနေပြီ..ကြည့်လိုက်"ကျွန်တော်ငေးနေတာ အရမ်းကြာနေပြီထင်ပါတယ်။ရုပ်ရှင်က ဘယ်အခန်းရောက် ဘာဇာတ်ဝင်ခန်းရှိနေပြီလည်း ဆိုတာကို အာရုံမရခဲ့ဘူး။
" ဒီဘေးနားက မြင်ကွင်းက ပိုကောင်းနေတာကွာ
ဒီကိုကိုသေးသေးလေး ကိုဘဲ ကြည့်ချင်တာ "
ကိုယ့်ထက်ကြီးတယ် ဆိုပေမဲ့ ဖောင်းဖောင်းလေးနဲ့ အိအိလေး ပါးကို အသာ ညစ်ဆွဲလိုက်မိတော့
အကြည့်စူးစူးလေး တစ်ချက်ပြန်ရသည်။ချစ်လိုက်ရတာ။ရုပ်ရှင်Date ဆိုတော့ ကျွန်တော်တို့ နှစ်ယောက် အကြာကြီးတော့တူတူမလည်လိုက်ရဘူး။ညနေကျတော့ အိမ်က အောင်ပွဲကြီးကြီး တစ်ခု လုပ်မှာဆိုတော့ ကျွန်တော်တို့နှစ်ယောက်လုံး နေ့လည်ပိုင်းလောက် ရောက်တာနဲ့ အိမ်ပြန်ပြီး ကူစရာရှိတာ ကူရတာပေါ့။Jungkook တို့အသိုင်းအဝိုင်းက လူကြီးလူကောင်းတွေ ဆရာသမားတွေ အများကြီး လာမှာဆိုတော့ ပြင်ဆင်တာတွေ အသန့်ရှင်းဆုံး အသေသပ်ဆုံး တစ်အိမ်လုံး ပြင်ဆင်
ကြသည်။