Unicode;
Mina ကိုနှုတ်ဆက်ပြီး အိမ်ကို ပြန်လာတော့ ည ၁၁ နာရီနီးပါးတောင်ရှိနေလေပြီ။အအေးဓာတ်သည်လည်း ပုံမှန်ထက်က်ို တိုးလာသည်။လမ်းသွား လမ်းလာများမှာတော့ ကျိုးတိုးကျဲတဲနဲ့ပင်။
လမ်းဘေး ပလက်ဖောင်းမှာတော့သူတို့နှစ်ယောက် ပုခုံးချင်း မထိရုံတမယ် ဘေးချင်းကပ်လျှောက်နေကြသည်။Jimin သတိထားမိသည်ကတော့ ဘေးက ယုန်ပေါက်လေးမှာ ဆေးရုံက စထွက်လာ ကတည်းက တိတ်ဆိတ်နေသည်ကိုပင်။သူ့အိမ်ကိုများ ပြန်ချင်နေလို့လား ဟူသော အတွေးက Jimin ခေါင်းထဲ ပြေးလွှားနေသည်။သူပြန်ချင်သည်ဆိုလည်း ဖုန်းဆက်ပေးရုံပင်။သို့သော်လည်း ကားဒါရိုင်ဘာ ဦးလေးကြီးက်ိုတော့ အားနာ စရာပင်။ဒါရိုင်ဘာ ဦးလေးကြီး အကြောင်းပြောမှ သတိရမိတော့သည်။
Jungkookie တို့ မေမေ ကို ဖုန်းဆက်လှမ်းပြောရဦးမှာဘဲ။Mina နဲ့ စကားတွေပေါနေ၍ သူမေ့သွားခဲ့သည်။ထို့ကြောင့် ကမန်းကတမ်း ဖုန်းကို ထုတ်ပြီး သူ၏ ယုန်ပေါက်လေးဖက်လှည့်ကာ
" ကိုကို အန်တီတို့ကို ဖုန်းဆက်ဖို့ မေ့သွားပြီ။
အခုဆက်လိုက်မယ်နော် "တစ်လမ်းလုံး တိတ်လာသမျှ အရေးကြီးသည့်ကိစ္စ ကိုမေ့နေသည်ကို သတိရကာမှ ကျဥ်းမြောင်းသော မျက်လုံးများက အတင်းလုပ်ယူပြူးထားသလိုအနေအထားဖြင့် ကျွန်တော်ဖက်လှည့်ကာဆိုလာသည်။မေ့မှာပေါ့။ကျွန်တော့်ကိုတောင်မေ့ထားပြီး တစ်ချိန်လုံး Mina ဆိုသော အမနဲ့သာ တွတ်ထိုးနေကြသည်က်ိုး။
ဖုန်းကိုကိုင်ထား သောဖောင်းဖောင်းအိအိ လက် လက်ချောင်းလေးတွေ ရပ်တန့်စေလိုသော အလိုငှာ သူ၏ လက်ချောင်းသွယ်သွယ် များဖြင့် ကိုကို့ လက်ကို လှမ်းကိုင်လိုက်ပြီး
" ကျွန်တော် ဆက်ထားပြီးပြီ ကိုကို...မေမေက မနက်ဖြန်ကိုလည်း အဆင်ပြေပြေဖြစ်တဲ အချိန်မှ ပြန်လာခဲ့ဖို့လည်း မှာလိုက်သေးတယ် "
ကိုကို၏ စိုးရိမ်နေသော မျက်နှာလေး ပြန်ရွှင်လာဖို့တွေးပြီး လေသံအေးအေးနဲ့ ကျွန်တော် ပြောမိတော့ ထင်ထားတဲ့ အတိုင်းပါဘဲ။သက်ပြင်းလေးချပြီး တော်ပါသေးတယ် ဆိုတဲ့ အကြည့်နဲ့ ပြန်ကြည့်လာပြီး ကျွန်တော် လိမ္မာပြီးတော်တယ် ဆိုတဲ့ သဘောမျိုး ဖြစ်တဲ့ ကျွန်တော်ခေါင်းကို ကျွန်တော် ကိုက်ို့ကို ဆုပ်ကိုင်ထားတဲ့လက်အောက်က ရုန်းထွက်ပြီး ခပ်ဖွဖွ လေး ငြင်ငြင်သာသာလေး ပုတ်ပေးရှာသည်။ထို့နောက် ကျွန်တော် နှစ်သက်ရသည့် အပြုံးတွေနဲ့
